ဗိဿနိုးနတ်

ဝီကီပီးဒီးယား မှ
ဗိဿနိုးဘုရားရှင်နှင့် မယ်တော် လက်ချ်မီး (လက္ချမီး) သည် သျှေးသျှမြွေမင်းပေါ်တွင် ထိုင်နေသည်။

ဗိဿနိုး (သို့) ဗစ်ရှ်နူး သည် ဟိန္ဒူဘာသာ၏ လောကထိန်းသိမ်းသည့် ဘုရားတစ်ပါးဖြစ်သည်။ မှတ်တမ်းများအရ များစွာသောဟိန္ဒူဘာသာဝင်တို့က ဂေါတမဗုဒ္ဓဘုရားသည် ဗိဿနိုဘုရားး (God Vishnu) ၏ အ၀တာရ (လူ၀င်စားအသွင်) ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘုရားရှင်သည် ပရိနိဗ္ဗာန် (Parinirvana) ပြုပြီးဖြစ်၍ သက်ရှိထင်ရှားမရှိတော့ချေ။ သို့သော် ဗိဿနိုဘုရားသည် ယခုထက်တိုင် သက်ရှိထင်ရှားရှိသည်ဟု ဟိန္ဒူဘာသာဝင်များက အခိုင်အမာယုံကြည်ပြောဆိုကြသည်။ သို့သော် သမိုင်းပညာရှင်တို့နှင့် ဗုဒ္ဓဘာသာဝင်များ၊ သံဃာတော်အရှင်သူမြတ်များက ဂေါတမဗုဒ္ဓဘုရားသည် ဗိဿနိုးဘုရားကိုယ်ပွားဖြစ်သည်ဟူသောပြောကြားချက်ကို လုံးဝလက်မခံကြချေ။

သို့သော် ဟိန္ဒူကျမ်းဂန် အယူအဆအရ ဗိဿနိုးဘုရား၏ န၀မမြောက်အသွင်သည် ဗုဒ္ဓဖြစ်သည်ဟု အတိအလင်း ဖော်ပြလျက်ရှိသည်။ [၁]

ကိုးကား

  1. Devdutt Pattanaik။ Is Buddha an avatar of Vishnu?။ 15 February 2017 တွင် ပြန်စစ်ပြီး။