ပြောင်ခေါင်းစိမ်း

ဝီကီပီးဒီးယား မှ
ပြောင်ခေါင်းစိမ်း

ပြောင်ခေါင်းစိမ်းသည် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာဟချက်ကြီးမားတတ်သည့် ကျောက်မျက်အမျိုးအစားဖြစ်ပါသည်။ မိုးကုတ်မြို့ အနောက်ဖက် ပြောင်ခေါင်းရွာမှ ပေါများစွာထွက်ရှိသည်ကို အကြောင်းပြု၍ မြန်မာတို့က ပြောင်ခေါင်းစိမ်းဟု ခေါ်ကြခြင်းဖြစ်သည်။ အနောက်တိုင်းအခေါ်အဝေါ်မှာ ပယ်ရီဒေါ့(peridot) (သို့) သံလွင်စိမ်းရောင် ရှိသောကြောင့် အိုလီဗင်း(Olivine) ဟုလည်းခေါ်ပါသည်။

ဓါတုဖွဲ့စည်းမှု

မဂ္ဂနီဆီယံသံဆီလီကိတ် ဖြစ်သည်။ ပုံဆောင်စနစ်မှာ ရွမ်းဘတ်စနစ်(Orthorhombic System) ဖြစ်ပြီး သိပ်သည်းဆ ၃.၃၄ ရှိသည်။ မာဆင့် ၆.၅ ရှိကာ ဖန်ရောင်လက်ဖြစ်သည်။ ပျော့ပျောင်းလွန်းသောကြောင့် ငရဲမီးဒဏ်ကို မခံနိုင်ပါ။ နှစ်စုံအလင်းယိုင်ခြင်း (သို့) ဒွိအလင်းယိုင်ခြင်း ထင်ရှားမှုသည် ပြောင်ခေါင်းစိမ်း၏ ထင်ရှားသည့် ထူးခြားမှုတစ်ခုဖြစ်သည်။ ကျောက်၏ အောက်ခြေမျက်နှာပြင်ရှိအနားစောင်းများကို အထက်မျက်နှာပြင်မှ လှမ်းကြည့်လှျင် စောင်းနှစ်ထပ်အဖြစ် မြင်ရမည်ဖြစ်သည်။

ထွက်ရှိရာဒေသများ

မြန်မာတရုတ်ဩစတြေးလျဘရာဇီးတောင်အာဖရိက တို့တွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံသည် ပြောင်ခေါင်းစိမ်းထွက်ရှိသော်လည်း ယခုအခါတွင် အဝါရောင်သန်းသည့် တရုတ်နိုင်ငံထွက် ပြောင်ခေါင်းစိမ်းများကို ဈေးကွက်အတွင်းတွင် ပေါ်များစွာတွေ့ရှိနေရပါသည်။