နှင်းသွေးယုအောင်

ဝီကီပီးဒီးယား မှ
၀၁:၅၅၊ ၂ မေ ၂၀၂၀ နေ့က NayiMuu (ဆွေးနွေး | ပံ့ပိုး) ("{{Infobox pageant titleholder | name = န..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်) တည်းဖြတ်သည့်မူ
နှင်းသွေးယုအောင်
မွေးဖွားနှင်းသွေးယုအောင်
၁၉၉၆ (အသက် ၂၇–၂၈)
တာချီလိတ်မြို့ရှမ်းပြည်နယ်မြန်မာနိုင်ငံ
အရပ်၁.၆၈ m (၅ ft ၆ in)
ဘွဲ့Miss Universe Myanmar 2018
အလှမယ်ဘွဲ့ ရရှိသူ
ဆံပင်အရောင်အညိုရင့်ရောင်
မျက်လုံးအရောင်အနက်
အဓိက ပြိုင်ပွဲ(များ)Miss Universe Myanmar 2018
(Winner)
Miss Universe 2018
(Unplaced)

နှင်း​သွေးယု​အောင်(၁၉၉၆ ခုနှစ်ဖွား)သည် မြန်မာ ​မော်ဒယ်နှင့် အလှမယ်ဖြစ်ပြီး ၅ ကြိမ်​မြောက် မြန်မာ မယ်စကြာဝဠာ ၂၀၁၈ ခုနှစ်ပြိုင်ပွဲတွင် သရဖူရရှိခဲ့​ကြောင့် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြာဝဠာ ၂၀၁၈ ဖြစ်၍လာခဲ့သည်။

အစောပိုင်းဘဝ

နှင်း​သွေးယု​အောင်သည် ရှမ်းလူမျိုးဖြစ်ပြီး တာချီလိတ်မြို့တွင် ​မွေးဖွားကြီးပြင်းခဲ့သည်။ တာချီလိတ် အမှတ် ၁ အ​ခြေခံပညာ အထက်တန်း​​ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အထက်တန်းပညာကို ကျိုင်းတုံတက္ကသိုလ်တွင် သူနာပြုသိပ္ပံဘာသာ သင်ကြားလျက်ရှိပါသည်။ သူမသည် ဗမာ၊ အင်္ဂလိပ်နှင့် ထိုင်းဘာသာစကားများ တက်ကျွမ်းသည်။

အလှမယ်ဘဝ

၂၀၁၇ ခုနှစ် ​အောက်တိုဘာ ၁ ရက်​နေ့တွင် နှင်း​သွေးယု​အောင်သည် မယ်စကြာဝဠာမြန်မာပြိုင်ပွဲကို အနိုင်ရရှိခဲ့ပြီး ယခင်နှစ်အလှမယ်ဖြစ်​သော ဇွန်သံစဉ်မှ သရဖူ​ဆောင်း၍​ပေးခဲ့သည်။ ထို့​နောက် သူမသည် ထိုင်းနိုင်ငံတွင် ကျင်းပ​သော ၂၀၁၈ ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲကို မြန်မာတိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဝင်​ရောက် ယှဉ်ပြိုင်ခဲ့သည်။[၁][၂]


ကိုးကား

ပြင်ပလင့်များ

အောင်မြင်မှု
ယခင်က
ဇွန်သံစဉ်
မယ်စကြာဝဠာမြန်မာ
2018
ဆက်ခံသူ
ဆွေဇင်ထက်