တို့ဗမာ သီချင်း

ဝီကီပီးဒီးယား မှ
၀၄:၁၉၊ ၂၉ နိုဝင်ဘာ ၂၀၂၀ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့ - မြန်မာ့ သမိုင်း ကို မြန်မာနိုင်ငံ၏ သမိုင်း ဖြင့် အစားထိုးနေသည်) တည်းဖြတ်သည့်မူ

တို့ဗမာအစည်းအရုံး၏ စည်းရုံး‌ရေးတရားပွဲများတွင် တို့ဗမာသီချင်းဖြင့် သီဆိုစည်းရုံးခဲ့ကြ၏။ တို့ဗမာအစည်းအရုံး သခင်ပါတီကို လူအများက ရုတ်တရက် အား‌ပေး‌ထောက်ခံမှု မပြုကြသေး‌စေကာမူ တို့ဗမာသီချင်းကိုမူ လူကြိုက်များကာ လူအများက လက်ခံလာကြ‌လေသည်။ တို့ဗမာသီချင်းကို ‌ရေးသားသူမှာ စာ‌ရေးဆရာ (ဝိုင်၊ အမ်၊ ဘီ) ဆရာတင်‌ ခေါ် သခင်တင်ဖြစ်၏။ သခင်ဘသောင်း နှင့် သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်အုန်းဖေ၊ သခင်ကျော်စိန်ထွန်း၊ သခင်သာဒိုး၊ သခင်ဖိုးနီစသော သခင်ခေါင်းဆောင်အချို့က သီချင်းစာသားနှင့် အချက်အလက်များအတွက် ဖြည့်စွက်အကြံဉာဏ်များ ပေးကြသည်။

တကောင်းအဘိရာဇာ၊တို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊
များစွာပတိုင်းများကိုပါ(ယိုးဒယားနဲ့ ကုလားကိုပါ)[note ၁] တိုက်ထုတ်ခါ…..အောင်ခဲ့တာ တို့ဗမာ
စိန်မှန်ကင်းစစ်၊အဖြစ်ကြီးဖြစ်လျှက်၊ထင်းတစ်လှည့်ကြုံရ၊ထုံးနှင့်မသွေ
လောကဓမ္မတာပေ၊ငါတို့ကံခေ–ဖြစ်ရပြန်သလေ။ သို့သော်………….
အရင်းကိုစစ်လျှင်ဗမာပြေ၊ငါတို့…ငါတို့ပြေ။
နောင်…ဥဒါန်း…ဘယ်မကြေစရာ..၊ရာဇဝင်တင်ထား မျိုးရိုးနွယ်လာ၊
ကမ္ဘာတစ်ခွင်မှာဖြင့်၊ဗမာအထင်အရှား ၊တို့ခေတ်တွင်မှညံ့ကြတော့မှာလား
တို့ဗမာ…၊တို့ဗမာမဟုတ်လေသလား၊(တို့ဗမာ-ငါတို့ဗမာ)၂
(ဒါ..ငါတို့ဗမာ)၂ အား…လုံး…ညီညီ၊ယောကျာ်းဘသားတို့ဗမာ နောင်လာနောင်သား
ကောင်းစားဖို့ရာ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ။ ရဲရဲဗမာပီပီ ဗမာပြေ တို့ဗမာဖို့ပါ၊ သခင်ကျင့်ကို ကျင့်ကြပါ၊
သခင်မျိုးဟေ့….တို့ဗမာ၊မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့၊စာမရီသွေးတို့ဗမာ။
(သံပြိုင်) ကမ္ဘာမကြေ–ဗမာတစ်တွေ(ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ)၃(တို့ဗမာ)၂ပြေ
ကိုတိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာခင်။
အမျိုးသားရေးကျိုးပမ်းကြပါ၊တို့ဗမာဟေ့..တို့ဗမာ၊ဩော်-အမျိုးသားရေးကိုကျိုးပမ်းကြပါ
တို့ဗမာ..ဟေ့တို့ဗမာ၊ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ တို့ခေတ်ကို ရောက်ရမည် မလွဲပါ၊
တို့ဗမာ..ဟေ့တို့ဗမာ၊ ဗမာပြည်တဝှန်းအကုန်၊ တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါတို့ဗမာ။ ။
(သံပြိုင်။ ။)[၁]

အခြားကြည့်ရန်

မှတ်စုများ

  1. မူကွဲ ၂မျိုးရှိပါသည်

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)