တိဗက်-ဗမာနွယ် ဘာသာစကားများ

ဝီကီပီးဒီးယား မှ
၁၀:၀၃၊ ၅ ဒီဇင်ဘာ ၂၀၂၀ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) (1.46.2.152 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Thado Thiri ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်) တည်းဖြတ်သည့်မူ

တိဗက်-ဗမာ ဘာသာစကားအုပ်စုမှာ တရုတ်စကား မဟုတ်သော တရုတ်-တိဗက် မိသားစုဝင် ဘာသာစကား အုပ်စု ဖြစ်ပြီး အမျိုးကွဲပေါင်း ၄၀၀ ကျော်ကို အရှေ့တောင် အာရှ ကုန်းမြေမြင့်များ နှင့် မြန်မာနိုင်ငံရှိ မြေပြန့်ဒေသများတွင် ပြောဆိုကြသည်။ ဘာသာစကား၏ အမည်မှာ အဓိက စကားပြောသူများ ဖြစ်သည့် ၃၅ သန်းကျော်သော မြန်မာဘာသာစကား ပြောသူ နှင့် ၈ သန်းကျော်သော တိဘက်စကား ပြောသူများကို အစွဲပြု၍ မှည့်ခေါ်ထားသည်။ ထိုတိဘက်-ဗမာအနွယ်ဝင် ယီဘာသာစကားပြောသူအရေအတွက် ၁၀သန်းခန့် ရှိပါသည်။ တရုတ်ပြည်တောင်ပိုင်းတွင် နေထိုင်ကြပါသည်။ အခြားဘာသာစကားများမှာ လူနည်းစု အဖွဲ့အစည်းများမှ အသုံးပြုကြသည်။

တိဘက်- ဗမာစကား ဘာသာစကားအုပ်စုတွင် ပြောဆိုသူအရေအတွက်သည် ၆၁သန်းနီးပါးရှိ၍ ဗမာဘာသာသည် ထိုအရေအတွက်၏ ၅၀%ကျော်ရှိပါသည်။