မာတိကာသို့ ခုန်သွားရန်

ရဲလေး

ဝီကီပီးဒီးယား မှ
၁၅:၄၇၊ ၁၅ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
ရဲလေး
ထာဝရနှင်းဆီ အငြိမ့်တွင် ပါဝင်ကပြနေသော ရဲလေး (ဘယ်အစွန်)
မွေးဖွားရဲထွန်းမင်း
(၁၉၈၄-0၁-၁၁) ဇန်နဝါရီ ၁၁၊ ၁၉၈၄ (အသက် ၄၀)
ရန်ကုန်မြို့
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၂–လက်ရှိ

ရဲလေး (၁၉၈၄-) သည် မြန်မာလူမျိုး အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

ငယ်ဘဝ

၁၉၈၄ ခု၊ ဇန်နဝါရီလ ၁၁ ရက်တွင် မွေးသည်။ အမည်ရင်း ရဲထွန်းမင်း ဖြစ်ပြီး မွေးချင်းညီအစ်ကို သုံးယောက်မှာ အလတ်ဖြစ်သည်။ သူသည် ဗိုလ်တထောင်(၆) မှ ၁၀-တန်းအောင်မြင်ခဲ့ပြီး ရုက္ခဗေဒဘာသာရပ်ဖြင့် ၂၀၀၄-ခုနှစ်တွင် ကျောင်းပြီးခဲ့သည်။

အနုပညာလှုပ်‌ရှားမှု

ရဲလေးသည် ညီဝမ်းကွဲဖြစ်သူ ဘိုလေးနှင့် တွဲဖက်၍ "Adaptor" အမည်ဖြင့် သီချင်းများ စတင်သီဆိုခဲ့သည်။ Adaptor ၏ ပထမဦးဆုံး စီးရီး ဘာလာရှုပ် ကို ၂၀၀၂ ခုနှစ်တွင် ထုတ်ခဲ့သည်။ ထို့နောက် အခြားသူများ၏ သီချင်းခွေများအတွက် Featuring ပါဝင်သီဆိုပေးခြင်းဖြင့် သူ့အား လူသိများ နာမည်ရလာခဲ့သည်။ သူ ပါဝင်သီဆိုခဲ့သော တေးအယ်လ်ဘမ်များမှာ ဘိုဘိုနှင့် လင်းပင်ဟိန်းတို့၏ တကယ့်အဖြစ်အပျက်၊ အဖွဲ့စုံ ပါဝင်သီဆိုသည့် ပေးဦးနော်ရူးအောင်ချစ်မိသူ အစရှိသော တေးစီးရီးများဖြစ်သည်။ သူသည် သရုပ်ဆောင်အဖြစ်လည်း ဗွီစီဒီများနှင့် ကြော်ငြာများတွင် ပါဝင်ခဲ့သည်။ သူ ဦးဆုံး သရုပ်ဆောင်သည့် ဗီစီဒီမှာ ဒါရိုက်တာဇော်ကိုကို ရိုက်ကူးသည့် "သက်တံ့တွေပေါ်မှာ" ဟူသည့် သီချင်းဖြစ်သည်။

၂၀၀၅ ခုနှစ်မှစ၍ သူ၏ အောင်မြင်မှုများ စတင်ခဲ့သည်။ သူ၏ အအောင်မြင်ဆုံးသီချင်းများမှာ သူကိုယ်တိုင်ရေးသည့် "ထိပ်ဆုံးမှာအမေ" ၊ Bambino နှင့် တွဲဖက်သီဆိုသည့် "ပြောမထွက်ခဲ့သူ" သီချင်းများ ဖြစ်သည်။ ပရိသတ်များ များပြားလာသည့်အချိန်မှာပင် ကျွန်တော်နှင့် သက်ဆိုင်သော ဟူသည့် သူ၏ ပထမဦးဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ကို ၂၀၀၅ အောက်တိုဘာလ (၈)ရက်နေ့တွင် ထွက်ရှိနိုင်ခဲ့လေသည်။

ရဲလေးသည် ဂီတရုပ်ရှင် နယ်ပယ်နှစ်ခုလုံးတွင် အောင်မြင်မှုရအောင် ကြိုးစားခဲ့သည်။ သူ၏ ပထမဦးဆုံးရုပ်ရှင်ကား နေတစ်ခြမ်း လတစ်ခြမ်း ကို ၂၀၀၅ ခုနှစ်အတွင်းတွင် ရိုက်ကူးခဲ့သည်။ အကြည်တော်၏ ဝတ္ထု၊ ဒါရိုက်တာဇော်ကိုကို၏ လက်ရာဖြစ်ပြီး သူနှင့်အတူ စိုင်းစိုင်းခမ်းလှိုင်ချစ်သုဝေ နှင့် ပြည့်ဖူးခိုင်တို့ တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။

မိသားစု ဘဝ

၂၀၁၃ ခု၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကာလရှည်ချစ်သူ အေးမြနှင့် မဟာစည် သာသနာ့ရိပ်သာတွင် မင်္ဂလာဆွမ်း ကျွေးကာ လက်ထပ်သည်။ ၂၀၁၇ ခု အရောက်တွင် သဘောထားခြင်း မတိုက်ဆိုင်တော့ဘဲ ကွာရှင်းကြသည်။

တေးစီးရီးများ

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ဘာလာရှုပ် ၂၀၀၂ ဘိုလေး နှင့် တွဲ၍
ကျွန်တော်နှင့် သက်ဆိုင်သော ၂၀၀၅၊ အောက်တိုဘာ တစ်ကိုယ်တော်ခွေ
အိမ်
တတိယကာရန်
ရကောက်ဘဝဖြင့် နေထိုင်ခြင်း
အောင်မြင်မှု ခရီးစဉ် ၂၀၁၆၊ နိုဝင်ဘာ

ရုပ်ရှင်ကားများ

  1. နေတစ်ခြမ်း လတစ်ခြမ်း

ကိုးကား

ပြင်ပ စာမျက်နှာများ