အကြည်တော်
| အကြည်တော် | |
|---|---|
| မွေးဖွား | စောကြည်ဖြူ ဖေဖော်ဝါရီ ၂၁၊ ၁၉၇၂ |
| ကွယ်လွန် | နိုဝင်ဘာ ၉၊ ၂၀၂၂ (အသက် ၅၀) ပင်လုံဆေးရုံ၊ ရန်ကုန်မြို့ |
| ကလောင်အမည် | ကိုကိုကြီး၊အကြည်တော် |
| အလုပ်အကိုင် | စာရေးဆရာ |
| စာပေအမျိုးအစား | ဟာသ |
အကြည်တော် (၂၁ ဖေဖော်ဝါရီ ၁၉၇၂ - ၉ နိုဝင်ဘာ ၂၀၂၂) သည် မြန်မာနိုင်ငံသား ကရင် လူမျိုး ဟာသစာရေးဆရာ ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]အဖ ဦးထွန်းနိုင် ဒေါ်ညွှန့်နွယ်တို့မှ မွေးချင်း (၇) ယောက်အနက် ခြောက်ယောက်မြောက်သား ဖြစ်ပြီး နာမည်ရင်းမှာ စောကြည်ဖြူဖြစ်သည်။
စာပေခရီး
[ပြင်ဆင်ရန်]၁၉၉၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် လုံးချင်းဝတ္ထုများ စတင်ရေးသားပြီး ကွယ်လွန်ချိန်အထိစုစုပေါင်း စာအုပ်(၁၀၀)ကျော်ရေးသားခဲ့သည်။
ဘဝနိဂုံ:
[ပြင်ဆင်ရန်]စာရေးဆရာအကြည်တော်သည် အစာရေမျိုပြွန်ကင်ဆာ[၁] သံသယကြောင့် ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ဆေးကုသမှုခံယူခဲ့ရသည်။[၂] အောက်တိုဘာ ၁၃ရက်နေ့တွင် ထိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် ရုတ်တရက်ကျန်းမာရေးဆိုးရွားလာသဖြင့် ပင်လုံဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေရင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက် ည ၈ နာရီ မိနစ်၂၀ ကျော်တွင် ကွယ်လွန်သွားခဲ့သည်။
သူမကွယ်လွန်မီ လအနည်းငယ်က ကိုယ်တိုင်ရွတ်ဆိုထားသည့် ကဗျာနှင့်ဂီတ ပေါင်းစပ်ထားသော ကဗျာဂီတအယ်လ်ဘမ်ကိုထုတ်ဝေခဲ့သည်။
ရေးသားသော စာအုပ်များ
[ပြင်ဆင်ရန်]| ခေါင်းစဉ် | ထုတ်ဝေနှစ် | ထုတ်ဝေသူ | မှတ်ချက် |
|---|---|---|---|
| ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် | တော်ဝင်မြို့မ စာအုပ်တိုက် | ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် အမည်ဖြင့် ရုပ်ရှင်ရိုက် | |
| ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း | ၂၀၀၅ | တော်ဝင်မြို့မ စာအုပ်တိုက် | ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း အမည်ဖြင့်ရုပ်ရှင်ရိုက် |
| ကျွန်တော့်ဘဝလေးမှ လှိုက်လှဲစွာ ကြိုဆိုသည် | |||
| ကျွန်တော်ထောင်းခဲ့သော ပေါင်များ | ၂၀၀၆ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| ကျွန်တော်နှင့် မြို့ပြယဉ်ကျေးမှု | |||
| ကျွန်မက အင်္ဂလိပ်မမဟုတ်တာ မောင် | |||
| ကလေးလက်ရေး | ၂၀၀၉ | စိုးမိုးစာပေ | |
| ကလေးအို | |||
| ကဝေပျို၏ နိဒါန်း | ၂၀၀၃ | တော်ဝင်မြို့မ စာအုပ်တိုက် | ကဝေပျို၏ နိဒါန်း အမည်ဖြင့်ရုပ်ရှင်ရိုက် |
| ကိုယ်ပိုင်ရောဂါ | |||
| ခင်မှုန် မင်္ဂလာဆောင် | |||
| ချစ်ခြင်းကထာ | |||
| ချစ်လို့စတာ နာတယ် | ၂၀၀၉ | စိုးမိုးစာပေ | |
| ချည်ပြီး တုပ်ပြီး | |||
| ခြူဆီ | ခြူဆီ အမည်ဖြင့် ရုပ်ရှင်ရိုက် | ||
| ခလောက်နီ | |||
| ငုံး | |||
| စွယ်စုံလက်ဆောင် | ၂၀၀၇ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| ဆွေတစ်ရာ မောင်တစ်ကျိပ် | ၂၀၀၇ | တော်ဝင်မြို့မ စာအုပ်တိုက် | ဆွေတစ်ရာ မောင်တစ်ကျိပ် အမည်ဖြင့် ရုပ်ရှင်ရိုက် |
| ဇ | ၂၀၀၅ | တော်ဝင်မြို့မ စာအုပ်တိုက် | ဇ အမည်ဖြင့် ရုပ်ရှင်ရိုက် |
| ဇော်က ကနေသည် | ဇော်က ကနေသည် အမည်ဖြင့် ရုပ်ရှင်ရိုက် | ||
| ညာတာပါတေး | ၂၀၀၈ | စိုးမိုး စာပေ | |
| တစ်ခါက ငယ်ငယ်လေးတွေ | ၂၀၀၆ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| တစ်ရှက် အရှက်မရှိ | |||
| တစ်ရှုး | |||
| တိမ်မင်းသမီ:ရဲ့ မိုနိုပိုလီ | |||
| တောသာကြီး | ၂၀၀၇ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| ထီး | |||
| နတ်ချင်း | |||
| နတ်နေကိုင်း | ၂၀၀၄ | တော်ဝင်မြို့မ စာအုပ်တိုက် | ရုပ်ရှင်ရိုက်၊ မူရင်းဝတ္ထုနဲ့ ဇာတ်သိမ်းနည်းနည်းကွဲလွဲ |
| နတ်ပြည်နံနက်ခင်း | ၂၀၀၈ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| နေတစ်ခြမ်း လတစ်ခြမ်း | ၂၀၀၅ | တော်ဝင်မြို့မ စာအုပ်တိုက် | နေတစ်ခြမ်း လတစ်ခြမ်း အမည်ဖြင့် ရုပ်ရှင်ရိုက် |
| နွယ်ချို | |||
| ပြတ်ထွက်သွားသော ကျောရိုးဆစ်ကလေးများ | တော်ဝင်မြို့မ စာအုပ်တိုက် | ||
| ပြုံးတော်မူ | |||
| ပြုံးရွှင်သည် ငိုတတ်သည် | ပြုံးရွှင်ရေ ပျော်ရဲ့လား အမည်ဖြင့် ရုပ်ရှင်ရိုက် | ||
| ပိုးကောင်များ | ၂၀၀၅ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| ဖရီးဝှီး | |||
| ဘီလူး | ၂၀၀၃ | တော်ဝင်မြို့မ စာအုပ်တိုက် | ဘီလူး အမည်ဖြင့် ရုပ်ရှင်ရိုက် |
| ဘွာတေး ဘွာတေး | |||
| မျက်နှာပုံပြင် | |||
| မြစ်ပြင်ပေါ် ထင်ကျန်နေသော ခြွေခြေရာများ | ၂၀၀၈ | စိုးမိုးစာပေ | |
| မိချော | ၂၀၀၉ | စိုးမိုး စာပေ | |
| မိတ္တဟာဒယ ဟာသတက်ကျမ်း | ၂၀၀၆ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| မိန်းမဋီကာ | ၂၀၀၉ | စိုးမိုး စာပေ | |
| မိုးတိမ်ပုံပြင် | ၂၀၀၄ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| မောင်စောကြည်ဖြူနှင့် မမြင့်စန်းရီ | စောကြည်ဖြူနှင့် မြင့်စန်းရီ အမည်ဖြင့် ရုပ်ရှင်ရိုက် | ||
| ယောက္ခမနှင့် တစ်ထောင့်တစ်ည | ၂၀၀၄ | တော်ဝင်မြို့မ စာအုပ်တိုက် | ယောက္ခမနှင့် တစ်ထောင့်တစ်ည အမည်ဖြင့် ရုပ်ရှင်ရိုက် |
| ရှင့်ကိုမုန်းတာ ၁၂ ခါ | ရှင့်ကိုမုန်းတာ ၁၂ ခါ အမည်ဖြင့်ရုပ်ရှင်ရိုက် | ||
| ရှေ့နေ ဘိုးစံကွားနှင့် အမှုပွေလူ့ဘွေ | |||
| ရီတန်းအော့ဖ် ဘီလူး | တော်ဝင်မြို့မ စာအုပ်တိုက် | ||
| ရွှေမိုးသည်း | ၂၀၀၃ | တော်ဝင်မြို့မ စာအုပ်တိုက် | ရွှေမိုးသည်း အမည်ဖြင့် ရုပ်ရှင်ရိုက် |
| ရွှေရင်ရှုပ် | ရုပ်ရှင်ရိုက်၊ မူရင်းဝတ္ထုနဲ့ နည်းနည်းကွဲလွဲ | ||
| လျှို့ဝှက်သော ကစားပွဲ | |||
| လှအိုးကွဲ | တော်ဝင်မြို့မ စာအုပ်တိုက် | ||
| လုပ်ချင်တာ လုပ်ခွင့်ရှိသော တိုင်းပြည် | |||
| လူဆိုး | |||
| လူပျိုမှိုတက် | |||
| လူလည်ကြီးများရွာ | ၂၀၀၇ | တော်ဝင်မြို့မ စာအုပ်တိုက် | လူလည်ကြီးများရွာ အမည်ဖြင့်ရုပ်ရှင်ရိုက် |
| လေယာဉ်ပျံတစ်စီးနဲ့ ကမ္ဘာ့ရွာကြီး | တော်ဝင်မြို့မ စာအုပ်တိုက် | ||
| ဝါရင့်အရောင်းထိုင်း | တော်ဝင်မြို့မ စာအုပ်တိုက် | ရုပ်ရှင်ရိုက်၊ မူရင်းဝတ္ထုနဲ့ နည်းနည်းကွဲလွဲ | |
| သံသရာအကွေ့တစ်ရာ | တော်ဝင်မြို့မ စာအုပ်တိုက် | ||
| သစ်ရွက်လှေ | |||
| သားဘီလူး | ၂၀၀၈ | စိုးမိုး စာပေ | သားဘီလူး အမည်ဖြင့်ရုပ်ရှင်ရိုက် |
| သုည အတွေးများ | |||
| သဲလှည်း | ၂၀၀၆ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| ဟန်းနီးမွန်း | |||
| အချစ်သာ အမှန်တရားဖြစ်ခဲ့ရင် ကျွန်တော်မှားနေတာ ကြာပြီ | ၂၀၀၈ | စိုးမိုး စာပေ | |
| အထုံ | |||
| အန္တိမ အမ္မ | |||
| အပျိုလူပျို ဖတ်စာ | |||
| အပြစ်ကင်းတဲ့ ချစ်ခြင်းလင်္ကာ | |||
| အမှန်မှား | |||
| အမှုတွဲ | |||
| အသည်းကွဲ နှစ်ဆယ့်လေးနာရီ | ၂၀၀၄ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| အသိုက်ကိုက် | |||
| အာဒမ်၏ ဆာတေး | ၂၀၀၆ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| အိပ်မက် အပိုဒ်ခွဲ (၉) | ၂၀၀၄ | တော်ဝင်မြို့မ စာအုပ်တိုက် | အိပ်မက် အပိုဒ်ခွဲ (၉) အမည်ဖြင့် ရုပ်ရှင်ရိုက် |
| အိမ် | ၂၀၀၆ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| အို ... ဘာတဲ့ | ၂၀၀၉ | စိုးမိုး စာပေ | |
| အိုင်အိုဒင်း ကိုကိုကြီးနှင့် | ၂၀၀၅ | တော်ဝင်မြို့မ စာအုပ်တိုက် | |
| အောင်မြေ | ၂၀၀၅ | တော်ဝင်မြို့မ စာအုပ်တိုက် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://hellosayarwon.com/cancer/other-cancers/oesophageal-cancer-at-a-glance/
- ↑ "အောက်တိုဘာ ၁၈ ရက် ထိပ်တန်းသတင်းများ" (in my)၊ BBC News မြန်မာ၊ ၁၈ အောက်တိုဘာ ၂၀၂၂။
| ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |