မာဂရက် မစ်ချယ်
ပုံပန်းသွင်ပြင်
မာဂရက် မစ်ချယ် | |
---|---|
မာဂရက် မစ်ချယ် (၁၉၄၁) | |
မွေးဖွား | မာဂရက် မန်နာလင်း မစ်ချယ် နိုဝင်ဘာ ၈၊ ၁၉၀၀ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့ |
ကွယ်လွန် | ဩဂုတ် ၁၆၊ ၁၉၄၉ ဂရေဒီ အမှတ်တရ ဆေးရုံ၊ အတ္တလန်တာ | (အသက် ၄၈)
ထာဝရ အိပ်စက်ရာ | အုက္ကလန် သုဿာန်၊ အတ္တလန်တာ |
ကလောင်အမည် | ပက်ဂီ မစ်ချယ် |
အလုပ်အကိုင် | စာရေးသူ၊ ဂျာနယ်လစ် |
ပညာရေး | စမစ် ကောလိပ်[၁] |
ထင်ရှားသည့်လက်ရာများ | လေရူးသုန်သုန် |
ရရှိသည့်ဆုများ | ပူလစ်ဇာဆု (စိတ်ကူးယဉ်ဇာတ်လမ်း) (၁၉၃၇) အမျိုးသားစာအုပ်ဆု (၁၉၃၆) |
အိမ်ထောင်ဖက် | ဘာရိန်း ကင်နာ့ အပ္ပရှော (Berrien Kinnard Upshaw) (1922–1924; divorced) ဂျွန် ရောဘတ် မာ့ရှ် (John Robert Marsh) (1925–1949; her death) |
လက်မှတ် |
မာဂရက် မန်နာလင်း မစ်ချယ် (အင်္ဂလိပ်: Margaret Munnerlyn Mitchell) (၁၉၀၀−၁၉၄၉) သည် အမေရိကန်လူမျိုး ဝတ္ထုရေးသူနှင့် ဂျာနယ်လစ် ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ်ကို အခြေခံထားသည့် သူ၏ တစ်အုပ်တည်းသော ဝတ္ထု လေရူးသုန်သုန် မှာ ၁၉၃၆ ခု အမျိုးသားစာအုပ်ဆု ချီးမြှင့်ခံရသည်။ ၁၉၃၇ ခုတွင် ပူလစ်ဇာဆု (စိတ်ကူးယဉ်ဇာတ်လမ်း) ရသည်။ ထိုစာအုပ်ကို မြသန်းတင့်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး ၁၉၇၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဘာသာပြန်) ရရှိခဲ့သည်။[၂]