မာတိကာသို့ ခုန်သွားရန်

တင်ဇာမော်

ဝီကီပီးဒီးယား မှ
တင်ဇာမော်
အမည်ရင်းတင်ဇာမော်
မွေးဖွား (1976-02-07) ၇ ဖေဖော်ဝါရီ၊ ၁၉၇၆ (အသက် ၄၈)
ရန်ကုန်မြို့
ဂီတဟန်ပေါ့ပ်၊ ပေါ့ပ်ရော့ခ်၊ ရော့ခ်
အလုပ်အကိုင်အဆိုတော်၊ တေးရေး
တူရိယာအဆို၊ ဂစ်တာ
တက်ကြွသည့်နှစ်များ၁၉၉၅–၂၀၀၅
၂၀၁၃–လက်ရှိ
တေးသံသွင်း ကုမ္ပဏီTZM Records
ပူးတွဲ ပါဝင်မှုထွန်းအိန္ဒြာဗိုမဒီစည်သူလွင်

တင်ဇာမော် (၇ ဖေဖော်ဝါရီ ၁၉၇၆ မွေးဖွား) သည် မြန်မာ အမျိုးသမီး အဆိုတော် တစ်ဦးဖြစ်သည်။ သူမသည် စီးပွားရေးအရအအောင်မြင်ဆုံး မြန်မာအမျိုးသမီးအဆိုတော်များထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည်။[၁][၂] တင်ဇာမော်သည် Myanmar Idol တွင် ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိသည်။[၃]

Myanmar Idol

တင်ဇာမော်သည် American Idol ၏ မြန်မာနိုင်ငံ အစီအစဉ်ဖြစ်သော Myanmar Idol တွင် ဒုတိယရာသီမှ စတင်ကာ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။[၄]

Discography

တစ်ကိုယ်တော်အယ်လ်ဘမ်များ

တင်ဇာမော်သည် ယနေ့အထိ တစ်ကိုယ်တော်အယ်လ်ဘမ် ခုနစ်ခု ဖြန့်ချိထားသည်။[၅]

  • စွဲလမ်းမှုပြဿနာ (၁၉၉၅)
  • ကြင်နာသူနှစ်ဦး ဆုံနိုင်ရင် (၁၉၉၇)
  • အချစ်ကျောင်းသူ (၂၀၀၀)
  • တင်ဇာမော်ရဲ့ တင်ဇာမော် (၂၀၀၂)
  • ကြယ်စင်လို အချစ်များ (၂၀၀၃)
  • တင်ဇာမော်ရဲ့ တင်ဇာမော် အတွဲ (၂၀၀၅)
  • ခုနစ် (၂၀၁၇)

မိသားစု

တင်ဇာမော်သည် အိမ်ထောင်ကျပြီးဖြစ်ကာ သားတစ်ယောက်နှင့် သမီးတစ်ယောက် ရှိသည်။[၆]

ဆုများနှင့် ဇကာတင်များ

ပထမအကြိမ် Major M ဂီတဆု (၂၀၁၈)

ခုနှစ် လက်ခံသူ ဆု ရလဒ်
၂၀၁၈ Seven အကောင်းဆုံး ပေ့ါပ်အယ်လ်ဘမ် ဆုရရှိ
တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ် ဆုရရှိ
လူထု အကြိုက်ဆုံး အယ်လ်ဘမ် ဆန်ခါတင်
တင်ဇာမော် တစ်နှစ်တာ အကောင်းဆုံး အနုပညာရှင် ဆုရရှိ
လူထု အကြိုက်ဆုံး အနုပညာရှင် ဆန်ခါတင်
ဧည့်သည် တစ်နှစ်တာ အကောင်းဆုံး သီချင်း ဆန်ခါတင်
အကောင်းဆုံး ပေါ့ပ်သီချင်း ဆုရရှိ
လူထု အကြိုက်ဆုံး သီချင်း ဆန်ခါတင်
Bone Best Song with a Social Message ဆုရရှိ
7 Concert Best Live Show ဆန်ခါတင်

၁၆ ကြိမ်မြောက် City FM ဆု

နှစ် လက်ခံသူ ချီးမြှင့် ရလဒ်
၂၀၁၈ ခုနစ် ရောင်းအားအကောင်းဆုံးအမျိုးသမီး စတူဒီယို အယ်လ်ဘမ် ဆုရရှိ
တစ်နှစ်တာ ရောင်းအား အကောင်းဆုံးအယ်လ်ဘမ် ဆုရရှိ

ကိုးကား