ဒုက္ခ
ပုံပန်းသွင်ပြင်
ဒုက္ခ ဆင်းရဲခြင်းသဘော၊ ဝေဒနာ၊ ဝမ်းနည်းမှု၊ သောကဖြစ်စေသောအကြောင်းဖြစ်သည်။
ဒုက္ခ(၈)ပါးရှိသည်ဟုအကြမ်းဖျင်းမှတ်သားနိုင်ပါသည်။ ၎င်းတို့မှာ-
- (၁)ဇာတိဒုက္ခ=ပဋိသန္ဓေနေရခြင်းဆင်းရဲ။
- (၂)ဇရာဒုက္ခ=အိုမင်းရင့်ရော်ရခြင်းဆင်းရဲ။
- (၃)ဗျာဓိဒုက္ခ=နာမကျန်းဖြစ်ရခြင်းဆင်းရဲ။
- (၄)မရဏဒုက္ခ=စုတေလွန်ရခြင်းဆင်းရဲ။
- (၅)အပိယေဟိသမ္ပယောဂဒုက္ခ=မချစ်မနှစ်သက်သောသတ္တဝါနှင့်အတူကြုံရခြင်းဆင်းရဲ။
- (၆)ပိယေဟိဝိပ္ပယောဂဒုက္ခ=ချစ်အပ်သူနှင့်ကွဲနေရခြင်းဆင်းရဲ။
- (၇)ယံပိစ္ဆံနလဘတိဒုက္ခ=လိုသည့်အရာကိုမရသောဆင်းရဲ။
- (၈)ပဉ္စုပါဒါနက္ခန္ဓဒုက္ခ=ခန္ဓာငါးပါးဖြစ်ပေါ်နေရခြင်းဆင်းရဲစသည်တို့ဖြစ်ပါသည်။[၁]
ကိုးကား
- ↑ (၁)သုခမှတ်စု၊ဆဌမအကြိမ်၊အောက်တိုဘာ ၁၉၉၇၊ပါရမီစာပေ။
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |