မာတိကာသို့ ခုန်သွားရန်

ပန်းပု

ဝီကီပီးဒီးယား မှ
မန္တလေးမြို့၊ ရွှေနန်းတော်ကျောင်းရှိ ပန်းပုလက်ရာတစ်ခု
မိုက်ကယ်အိန်ဂျလို ၏ Pietà ၁၄၉၉

ပန်းပု ပညာ ဆိုသည်မှာ ပလတ်စတစ် သို့မဟုတ် မာကျောသော ပစ္စည်းများကို ပုံဖော်၍ သုံးဖက်မြင် အနု ပညာ ပစ္စည်း ဖြစ်လာရန် ဖန်တီးခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ကျောက်တုံး (ကျောက်သား သို့မဟုတ် စကျင်ကျောက်)၊ သတ္တုနှင့် သစ်သားတို့ကို အသုံးပြုကြသည်။ အချို့သော ပန်းပုရုပ်တို့ကို ကျောက်သားမှ တိုက်ရိုက်ဖဲ့ထုတ်ခြင်းမှ ရရှိပြီး အချို့ကိုမူ တစ်စစီတပ်ဆင်ပြီး အပူပေးခြင်း၊ ဂဟေဆော်ခြင်း၊ ပုံစံခွက်တွင် ထည့်သွင်းခြင်း သို့မဟုတ် မိုဖြင့် ပုံဖော်ခြင်းတို့မှ တဆင့် ပြုလုပ်ကြသည်။ ပန်းပု ကိုဖန်တီးသောသူကို ပန်းပုဆရာဟုခေါ်သည်။

ပန်းပုပညာတွင် အကြမ်းထည်ပစ္စည်းများကို ပုံသွင်းခြင်း ပုံစံပြောင်းလဲခြင်းပြု နိုင်သဖြင့် ပန်းပုပညာကို ပလတ်စတစ် အနုပညာဟုလည်း ခေါ်ကြသည်။ အများပြည်သူပိုင်သော နေရာတွင် များသောအားဖြင့် ရှိတတ်သည့် အနုပညာမှာ ပန်းပုပင်ဖြစ်သည်။ ပန်းပုရုပ်အများအပြားကို ပန်းခြံတွင်း၌ ခင်းကျင်းပြသထားခြင်းကို ပန်းပုဥယျာဉ်ဟု ခေါ်ကြသည်။