ပန်းတမော့
ကျောက်များ၊ သဲကျောက်များ၊ စကျင်ကျောက်များကို အရုပ်သဏ္ဍန်ပေါ်အောင် ထုလုပ်သည့် ပညာရပ်ဖြစ်သည်။ အေဒီ ၂ ရာစုလောက်မှစ၍ ယနေ့တိုင် ခေတ်အဆက်ဆက်မှ လက်ရာအမျိုးမျိုးကို လေ့လာတွေ့နိုင်သည်။ အထင်ရှားဆုံး ပန်းတမော့ လက်ရာမှာ မင်းတုန်းမင်းလက်ထက် ကုသိုလ်တော် ဘုရားမှ ပိဋကတ်တော်များကို နောင်လာ နောင်သားများ လေ့လာနိုင်ရန် စကျင်ကျောက်ပြား ၇၂၉ ချပ်ပေါ်တွင် ပါဠိဘာသာဖြင့် ထွင်းထု အက္ခရာ တင်ထားခဲ့သည်။ ထို ပန်းတမော့ပညာသည် ကျောက်ဆစ် အတတ်ပညာရပ်တစ်ခုဖြစ်သည်။ ပုဂံခေတ်မှ ယနေ့ခေတ်တိုင်အောင် ထွန်းကား လျက်ရှိသည်။ ရှေးမြန်မာတို့၏ နန်းတော်၊ အိမ်တော်၊ ကျောင်း၊ ကန်၊ ဇရပ် စသည့်အဆောက်အဦး ကြီးကြီးမားမားတည်ဆောက်ရာတွင် ပန်းတမော့ပညာကို အသုံးပြု လာခဲ့ကြသည်။ ပုဂံခေတ်တွင် ပန်းတမော့ပညာ ထွန်းကားခဲ့ကြောင်း သမိုင်းအထောက်အထားမှ ရာဇကုမာရ်မင်းသားမှ ဖခင် ကျန်စစ်သားမင်းကြီး နာမကျန်းဖြစ်ချိန် ကုသိုကောင်းမှုပြုခဲ့သော ပါဠိ၊ မွန်၊ မြန်မာ နှင့် ပျူ ဘာသာများတို့ဖြင့် ရေးထိုးခဲ့သော မြစေတီကျောက်စာ(ရာဇကုမာရ်ကျောက်စာ) မှာ ခိုင်လုံသော သမိုင်းအထောက်အထား အဖြစ် ယူဆနိုင်သည်။
ကိုးကား
[ပြင်ဆင်ရန်]ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |