စဝ်စန္ဒာ
ပုံပန်းသွင်ပြင်
စဝ်စန္ဒာ | |
---|---|
ပညာရေး | မဟာဝိဇ္ဇာဘွဲ့ (မနုဿဗေဒ) |
မိခင်ကျောင်း | ကိန်းဘရစ်ချ် တက္ကသိုလ် |
ထင်ရှားသည့် လုပ်ဆောင်မှု | The Moon Princess: Memories of the Shan States |
အိမ်ထောင်ဖက်(များ) | ပီတာဆင်း |
မိဘ(များ) | စဝ်ရွှေသိုက်၊ စဝ်နန်းစန္ဒာ[၁] |
စဝ်စန္ဒာ (ခေါ်) စောနန်းမြစန္ဒာ သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ သမီးကြီး ဖြစ်သည်။ ငယ်စဉ်အခါက မက်သဒစ်ကျောင်း နှင့် ကွန်ဗင့်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး လန်ဒန် ကိန်းဘရစ်ချ်တွင် မနုဿဗေဒ ပညာကို လေ့လာခဲ့ရာ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ဤ၌ပင် သူမ၏ ခင်ပွန်းလောင်း ပီတာဆင်းနှင့် တွေ့ဆုံခဲ့ပြီး ၁၉၅၆-ခုနှစ်တွင် လန်ဒန်မြို့မှ ရန်ကုန်အထိ လင့်ရိုဗာကားဖြင့် စွန့်စွန့်စားစား ခရီးသွားခဲ့ကြသည်။ ထိုစဉ်က ဘားမားအသံလွှင့် လုပ်ငန်း(BBS)တွင် သတင်းကြေညာသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာအို၊ ထိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ ကနေဒါ၊ အိုမန်နိုင်ငံတို့တွင် ဂျာနယ်လစ်များအဖြစ် နှစ်ဦးစလုံး တာဝန်ထမ်းဆောင်ခဲ့သလို ခင်ပွန်းသည်နှင့် အတူ စာအုပ်များ ရေးသားခဲ့သည်။ [၂]
ကိုးကား
- ↑ သန်းဝင်းလှိုင်။ ပထမဆုံး နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်။ ၂၀ မေ ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ဦး (ဘာသာပြန်) လမင်းသမီး စောနန်းမြစန္ဒာ၊ The Moon Princess ၊ ၂၀၁၅၊ ဇန်နဝါရီ ပထမအကြိမ်
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |