စဝ်စန္ဒာ

ဝီကီပီးဒီးယား မှ
စဝ်စန္ဒာ
ပညာရေးမဟာဝိဇ္ဇာဘွဲ့ (မနုဿဗေဒ)
မိခင်ကျောင်းကိန်းဘရစ်ချ် တက္ကသိုလ်
ထင်ရှားသည့်
လုပ်ဆောင်မှု
The Moon Princess: Memories of the Shan States
အိမ်ထောင်ဖက်(များ)ပီတာဆင်း
မိဘ(များ)စဝ်ရွှေသိုက်၊ စဝ်နန်းစန္ဒာ[၁]

စဝ်စန္ဒာ (ခေါ်) စောနန်းမြစန္ဒာ သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ သမီးကြီး ဖြစ်သည်။ ငယ်စဉ်အခါက မက်သဒစ်ကျောင်း နှင့် ကွန်ဗင့်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး လန်ဒန် ကိန်းဘရစ်ချ်တွင် မနုဿဗေဒ ပညာကို လေ့လာခဲ့ရာ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ဤ၌ပင် သူမ၏ ခင်ပွန်းလောင်း ပီတာဆင်းနှင့် တွေ့ဆုံခဲ့ပြီး ၁၉၅၆-ခုနှစ်တွင် လန်ဒန်မြို့မှ ရန်ကုန်အထိ လင့်ရိုဗာကားဖြင့် စွန့်စွန့်စားစား ခရီးသွားခဲ့ကြသည်။ ထိုစဉ်က ဘားမားအသံလွှင့် လုပ်ငန်း(BBS)တွင် သတင်းကြေညာသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာအို၊ ထိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ ကနေဒါ၊ အိုမန်နိုင်ငံတို့တွင် ဂျာနယ်လစ်များအဖြစ် နှစ်ဦးစလုံး တာဝန်ထမ်းဆောင်ခဲ့သလို ခင်ပွန်းသည်နှင့် အတူ စာအုပ်များ ရေးသားခဲ့သည်။[၂] သူမ၏ The Moon Princess စာအုပ်သည် မြန်မာနိုင်ငံအတွင်း အရောင်းရဆုံးစာအုပ်တွင် ပါဝင်ခဲ့သည်။[ကိုးကားချက်လိုသည်]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းဝင်းလှိုင်။ ပထမဆုံး နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်။ ၂၀ မေ ၂၀၁၉ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. နိုင်ဦး (ဘာသာပြန်) လမင်းသမီး စောနန်းမြစန္ဒာ၊ The Moon Princess ၊ ၂၀၁၅၊ ဇန်နဝါရီ ပထမအကြိမ်