ကြွေကျောက်
ပုံပန်းသွင်ပြင်
ကြွေကျောက် (Feldspar) သည် ကမ္ဘာ့နေရာ အတော်များများတွင် တွေ့ရှိရသည့် တွင်းထွက်အမျိုးအစား ဖြစ်သည်။ အလှဆင်ပစ္စည်းများအဖြစ် အသုံများပါသည်။
ဓါတုဖွဲ့စည်းမှု
ကြွေကျောက်သည် ပိုတက်စီယံ၊ ဆိုဒီယံ၊ ကယ်လ်စီယံ၊ ဗေရီယံ၊ အလူမီနီယံ များဖြင့် ပေါင်းစပ်ဖွဲ့သည့် ဆီလီကိတ်ဒြပ်ပေါင်းစုကြီး ဖြစ်သည်။ ပုံဆောင်စနစ်မှာ တစ်ရိုးစောင်းပုံဆောင်စနစ်ဖြစ်ပြီး သိပ်သည်းဆ ၂.၅၆ မှ ၂.၇ဝ ထိရှိတတ်သည်။ မာဆင့် ၆ ရှိကာ ရောင်လက်မှာ ဖန်ရောင်လက်မှ ပုလဲရောင်လက်ထိ ရှိတတ်သည်။
ကြွေကျောက်အမျိုးအစားများ
ကြွေကျောက်များသည် မတူညီသည့် ဓါတုဖွဲ့စည်းမှုရှိသည် အလျောက် အရောင်များလည်းကွဲပြားကြသည်။ ထင်ရှားသည့် ကြွေကျော် အမျိုးအစားများမှာ-
- ပန်းရောင်= ဩသိုကလေ့စ် (Orthoclase)
- အဖြူရောင်= ပလေဂျီယိုကလေ့စ် (Plagioclase)
- အစိမ်းဖျော့= မိုက်ခရိုကလိုင်း (Microcline)
- အဝါ= အိုလီဂိုကလေ့စ် (Oligoclase) သို့ Sun Stone
- အရောင်မဲ့= ကြောင်ကျောက် "Moon Stone"
တို့ဖြစ်ကြပါသည်။
မွှာပူးအသွင် ပုံမျိုးကို အတွေ့ရများပြီး ထင်ရှားသည့် ကွဲအင် နှစ်စုံရှိသည်။
ထွက်ရှိရာ ဒေသများ
မြန်မာ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မာဒါဂါစကား၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တန်ဇေးနီးယား