နျူးကလီးယား ဓာတ်ပေါင်းဖို
ပုံပန်းသွင်ပြင်
![](http://upload.wikimedia.org/wikipedia/commons/thumb/a/a7/Crocus-p1020491.jpg/220px-Crocus-p1020491.jpg)
နျူးကလီးယား ဓာတ်ပေါင်းဖို[ပြင်ဆင်ရန်]
နျူးကလီးယား ဓာတ်ပေါင်းဖို ဆိုသည်မှာ နျူကလီးယားထုတ်လုပ်ရာတွင် အသုံးပြုသော ပေါင်းဖိုကို ခေါ်သည်။ ဓာတ်ပေါင်းဖို အလုပ်လုပ်ပုံမှာ နျူကလီးယားပြိုကွဲခြင်း က ထွက်လာသည့် အပူနှင့် ရေနွေးငွေ့ ဖြစ်ပြီး၊ တာဘိုင်ကို မောင်းစေခြင်းဖြစ်သည်။ အတွေ့ရများသော ဓာတ်ပေါင်းဖိုများတွင် ပြည့်ဝယူရေနီယမ်လောင်စာတုံး များကိုသုံးသည်။ ဒင်္ဂါးပြားအရွယ် တစ်လက်မအရှည် အချောင်းလေးကို စုစည်းထားသည်။ လုံခြုံစွာ ကာရံထားသော ဖိအားမြင့်အခန်းအတွင်းတွင် ထည့်ထားသည်။ အအေးပေးရန် အတွက် ရေထဲတွင် မြှုပ်ထားရသည်။ အခြားအမျိုးအစားများတွင် ကာဗွန်ဒိုင်အောက်ဆိုက် သို့မဟုတ် သတ္တု အရည်ကို သုံးပါသည်။