ဖြူဖြူကျော်သိန်း
ဖြူဖြူကျော်သိန်း | |
---|---|
မွေးဖွား | ရန်ကုန်မြို့ | ဧပြီ ၂၂၊ ၁၉၈၁
ဂီတဟန် | ပေါ့ပ်ဂီတ |
တက်ကြွသည့်နှစ်များ | ၂၀၀၃–လက်ရှိ |
ဝက်ဘ်ဆိုက် | phyuphyukyawtheinonline.com |
ဖြူဖြူကျော်သိန်း သည် မြန်မာအမျိုးသမီး အဆိုတော်တစ်ဦးဖြစ်ပြီး သူမ၏ ဖျော်ဖြေမှုစတိုင်နှင့် ဝတ်စားဆင်ယင်မှုများကြောင့် ထင်ရှားသည်။[၁] သူမသည် ၂၀၀၈ ခုနှစ်တွင် ယူနီဆက်(ဖ်) ထင်ပေါ်သူ သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။[၂][၁]
ဖြူဖြူကျော်သိန်းကို ဧပြီလ ၂၂ရက်နေ့တွင် ဖခင်ဦးကျော်သိန်း (ညွှန်မှူး(ငြိမ်း) သမဝါယမဝန်ကြီးဌာန)နဲ့ မိခင် ဒေါ်တင်တင်ကြည် (လက်ထောက် ကထိက(ငြိမ်း)စီးပွားရေးတက္ကသိုလ်) တို့က ရန်ကုန်အမျိုးသမီး ဆေးရုံကြီးတွင် မွေးဖွားခဲ့သည်။ အစ်မဖြစ်သူ ညိုညိုသိန်းနှင့် ခုနစ်နှစ်ကွာခြားသည်။ မိခင်ဖြစ်သူက တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်သဖြင့် မိခင်နှင့်အတူ ရန်ကုန်မြို့တွင် ကြီးပြင်းခဲ့သည်။ သူငယ်တန်းနှင့် ဒုတိယတန်းကို အ. မ. က (၁၆) စမ်းချောင်း တွင် တက်ရောက်ခဲ့ပြီး တတိယတန်း မှ ဒသမတန်းပညာ အောင်မြင်သည်အထိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) ကမာရွတ်တွင် တက်ရောက်ခဲ့သည်။
ဖြူဖြူကျော်သိန်းသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။[၃] ၂၀၀၃ ခုနှစ်တွင် ပထမဆုံးသီချင်းခွေ လုံးဝမသက်ဆိုင်တော့ပါ ကို ဖြန့်ချိခဲ့သည်။[၄]
သူမသည် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ အတွင်းရေးမှူးလည်း ဖြစ်သည်။[၅]
ထွက်ရှိခဲ့သော တေးစီးရီးခွေများ
- လုံးဝမသက်ဆိုင်တော့ပါ (၂၀၀၃)
- ချစ်သူအမုန်း ကျိန်စာ (၂၀၀၇)
- Memoir of a Diva (၂၀၁၁)
- "Damsel in distress" (၂၀၁၃)
- "Thou shalt be remembered" (၂၀၁၅)
- "April Fool (mini-album)" (၂၀၁၆)
ကိုးကား
- ↑ ၁.၀ ၁.၁ Yu Yu Maw။ "Myanmar’s darling of pop, Phyu Phyu Kyaw Thein"၊ 25 February 2013။ 18 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Phyu Phyu Kyaw Thein။ UNICEF။ 22 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Zon Pann Pwint။ "Blown cover"၊ Myanmar Times၊ 10 April 2015။ 18 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Nuam Bawi။ "Singer expands her repertoire of covers"၊ Myanmar Times၊ 25 July 2011။ 18 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Nandar Aung။ "Legacy music academy opens in Yankin"၊ Myanmar Times၊ 1 July 2013။ 18 July 2015 တွင် ပြန်စစ်ပြီး။