မြဂနိုင်
မြဂနိုင် | |
---|---|
မြဂနိုင် ရုပ်ရှင်ပိုစတာ | |
အခြေခံအချက်အလက် | |
ဒါရိုက်တာ | အေဝမ်းတင်မောင် |
စာရေးသူ | ဒဂုန် မြတ်လေးနွယ် (ဇာတ်ညွှန်း) |
သရုပ်ဆောင် | ချစ်ဆွေ မြင့်မြင့် |
ကြာမြင့်ချိန် | ၉၇ မိနစ် |
နိုင်ငံ | မြန်မာ |
ဘာသာစကား | မြန်မာ |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ | ၁၉၃၄ |
ထုတ်ဝေသူ | မြန်မာအဆွေအေဝမ်းဖလင် |
မြဂနိုင် သည် ၁၉၃၄ ခုနှစ်က ရိုက်ကူးခဲ့သော မြန်မာအဖြူအမည်း အသံတိတ်ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်သည်။[၁] မြဂနိုင် ရုပ်ရှင်ကို ယူနက်စကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမွေအနှစ် အဖြစ် ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။
မြဂနိုင် ရုပ်ရှင်ကို ဒဂုန် မြတ်လေးနွယ် က ဇာတ်ညွှန်းရေးသားခဲ့ပြီး အေဝမ်းတင်မောင် က ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ရုပ်ရှင်ကားတွင် ချစ်ဆွေ၊ မြင့်မြင့်၊ ဖူး၊ စိုင်တမော့၊ မြိုင်ရာဇာဘိုးစော၊ ဒေါ်ဂျမ်းစိန် တို့ ပါဝင်သရုပ်ဆောင်ကြသည်။ မြန်မာအဆွေအေဝမ်းဖလင်မှ မြဂနိုင် ဇာတ်ကားကို ၁၉၃၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ပလာဇာရုံ၌ တင်ဆက်ခဲ့သည်။[၂] စတင်ရိုက်ကူးစဉ်က အသံတိတ်ရုပ်ရှင်ဖြစ်ပြီး နောက်ခံ သီချင်းကို ၁၉၅၄ ခုနှစ်တွင် ထည့်သွင်းခဲ့ကာ စကားပြောခန်းများကို ၁၉၇၀ ခုနှစ်မှာ ထပ်မံ ဖြည့်စွက်ခဲ့သည်။[၃]
အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း
အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ကော်မတီ (MOWCAP) ၏ အဋ္ဌမ အကြိမ်မြောက် အထွေထွေအစည်းအဝေးကို မေ ၂၉ ရက်မှ ဇွန် ၁ ရက် အထိ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တင်သွင်းသော အာနန္ဒစန္ဒြကျောက်စာနှင့် ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့အား အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။[၄]
ကိုးကား
- ↑ ဇော်ထက် (၄ ဇွန် ၂၀၁၈)။ “မြဂနိုင်”မြန်မာရုပ်ရှင် ယူနက်စကို အမွေအနှစ်စာရင်းသွင်းခံရ။ ဗွီအိုအေ မြန်မာပိုင်း။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ကျော်သန်းမြင့် (ဗန်းမော်) (ဖေဖော်ဝါရီ ၂၀၀၇)။ မြန်မာ့ ရုပ်ရှင် ငွေကြယ်ပွင့်တို့ ရုပ်ပုံလွှာများ (ပထမအကြိမ် ed.)။ Unknown parameter
|piblisher=
ignored (အကူအညီ) - ↑ ယုဖြူဟန် (၆ ဇွန် ၂၀၁၈)။ ပထမဆုံး ယူနက်စကို စာရင်းဝင်ခဲ့တဲ့ မြန်မာ့အသံတိတ် ရုပ်ရှင် “မြဂနိုင်”။ ဧရာဝတီသတင်းဌာန။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ မြောက်ဦးမြို့ ရှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြကျောက်စာအား အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရ။ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံး (၇ ဇွန် ၂၀၁၈)။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။