ချစ်ဆွေ (သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ

ချစ်ဆွေ သို့မဟုတ် ချစ်ရွှေ သို့မဟုတ် ရဲခေါင်ချစ်ဆွေ သည် မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်နှင့် စတန့်မင်းသား တစ်ဦး ဖြစ်သည်။[၁]

ချစ်ဆွေသည် ပဲခူးတိုင်းပေါက်ခေါင်းမြို့မှ လေးမိုင်ခန့်အကွာတွင် ကျောက်စာတိုင်ရွာ ဇာတိဖြစ်သည်။ အင်္ဂလိပ် လက်ထက်က တစ်ကျွန်းပြန်မိုက်ခဲများအား စာရိတ္တပြုပြင်သည့်စခန်းကို ထိုရွာတွင် ဖွင့်ထားသည်။ ယောက်ဖဖြစ်သူမှာ ထိုစခန်းမှ ရဲအရာရှိဖြစ်ပြီး၊ ချစ်ဆွေသည် အစ်မဖြစ်သူနှင့် လိုက်နေရင်း ချစ်သူရည်းစားကိစ္စ အချင်းများကြရာမှ ရန်ကုန်မြို့သို့ တက်လာခဲ့ပြီး ရုပ်ရှင် နယ်ထဲ ရောက်ရှိလာခဲ့သည်။[၁]

ချစ်ဆွေ ရိုက်ကူးခဲ့သောဇာတ်ကားမှာ စိမ်းရွှေရွှေ (ပထမဆုံးဒုတိယခေါင်းဆောင်မင်းသား)၊ ဒွေးညီနောင် (ဒုတိယ ခေါင်းဆောင်မင်းသား)၊ မြဂနိုင် (ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့သောဇာတ်ကား)၊ နီလာရောင်ကျားတက်လူရွှေမျက်နှာသတ္တိခဲဘုန်းတော်ရှင်သွေးတစ်စက်ကြင်သက်ဝေစန်းရောင်ရှင်မြခွာညိုမာနရှင်မှိုင်းညိုညိုမင်းအာဏာအောင်မြေအောင်သပြေဖူးစာရှင်အသားမင်းသားစောရင်လေးမြမျက်ချယ် နှင့် ဇွဲ တို့ဖြစ်ပြီး အခြားရိုက်ကူးခဲ့သော ဇာတ်ကားများလည်း ရှိသေးသည်။[၂]

ချစ်ဆွေမှာ မြန်မာအဆွေ-အေဝမ်းဖလင် မှ စင်တင်ပေးခဲ့သောမင်းသားဖြစ်ပြီး ချစ်ဆွေနှင့် ရိုက်ကူးခဲ့ သော ရုပ်ရှင် ကုမ္ပဏီများမှာ မြန်မာအဆွေ-အေဝမ်းဖလင်၊ ဗြိတိသျှဘားမား၊ ဇမ္ဗူ့မိတ်ဆွေ၊ သက်နှင်းဘရားသား၊ ပဲရော့ ရုပ်ရှင်နှင့် ရန်ကုန်ရုပ်ရှင်တို့ဖြစ်ကြပြီး မြန်မာအဆွေ-အေဝမ်းဖလင်နှင့် ဇာတ်ကားအများဆုံးရိုက်ကူးခဲ့သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းချိန်တွင် စစ်ထဲသို့ဝင်ရောက်သွားခဲ့ရာ ရှေ့တန်းတွင် ကျဆုံးသွားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ရဲဝံ့စွန့်စား စတန့်မင်းသား ချစ်ဆွေသတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန (၄ အောက်တိုဘာ ၂၀၁၃)။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ရဲဝံ့စွန့်စား စတန့်မင်းသား ချစ်ဆွေ (အပိုင်း ၂)သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန (၆ အောက်တိုဘာ ၂၀၁၃)။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]