မာတိကာသို့ ခုန်သွားရန်

ချစ်ညို (စာရေးဆရာ)

ဝီကီပီးဒီးယား မှ

ဦးချစ်ညို (၁၉၂၄–၁၉၈၇) သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ မန္တလေးမြို့ ၈၃ လမ်း စစ်ကိုင်းတန်းရပ်၌ အဖ ဦးဖိုးမင်း (ဦးမင်း)၊ အမိ ဒေါ်မမကြီး တို့က ၁၉၂၄ ခု ဒီဇင်ဘာ ၂၅ ရက် (မလိခ ကမူ ဒီဇင်ဘာ ၂၄ ရက် ဟု ဖော်ပြသည်) တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း လေးယောက်တွင် ဒုတိယမြောက် ဖြစ်၍ ကျားဘညိမ်း၏ ညီ ဖြစ်သည်။ အမည်ရင်းမှာ ဦးဘသိန်း ဖြစ်၏။

မန္တလေး စိန့်ဂျိုးဇက် ဒိုင်အိုနှင့် ဝက်စလီယံ ကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ၁ဝ တန်းထိ ပညာ သင်ယူ ပြီးနောက် ရေဒီယို အော်ပရေတာ သင်တန်း တက်ခဲ့သည်။

၁၉၄၅ တွင် လူထုဂျာနယ်၌ တွဲဖက် အယ်ဒီတာအဖြစ် ဘာသာပြန် ဆိုင်ရာ တာဝန် များကို ထမ်းဆောင် ခဲ့သည်။ လူထုဂျာနယ်ကို သတင်းစာ အဖြစ် ပြောင်းလဲ ထုတ်ဝေသောအခါ လုပ်ငန်းခွင်မှ ထွက်ခွာ၍ ဘာသာပြန် လုံးချင်း ဝတ္ထုများ ထုတ်ဝေခဲ့သည်။ ထို့နောက် လူထု သတင်းစာတိုက်သို့ ပြန်လည် ဝင်ရောက်ကာ၊ နိုင်ငံခြား သတင်းအယ်ဒီတာအဖြစ် ၁၉၅၂ အထိ လုပ်ကိုင် ခဲ့သည်။ ၁၉၅၂ တွင် ချစ်ညို ပုံနှိပ်တိုက်နှင့် မန္တလေး စာအုပ်တိုက် တို့ကို တည်ထောင် ခဲ့သည်။ ၁၉၆ဝ - ၆၂ အထိ မန္တလေးမြို့ ပြည်ကြီး ကျက်သရေ ရပ်ကွက် ပထမ မြူလူကြီး အဖြစ် အရွေး ခံခဲ့သည်။ မြန်မာ ကျားကစား လောကတွင် ထင်ရှားသည်။ ကျားကစားနည်း စာအုပ်ကို မြန်မာပြည်တွင် ပထမဆုံး အကြိမ် ရေးသား ထုတ်ဝေခဲ့သည်။ ဓာတ်ပုံမောင့် လုပ်ငန်းကို တီထွင် လုပ်ကိုင် ခဲ့သည်။

ငယ်စဉ် ကပင် စာပေဂီတအနုပညာနှင့် မြန်မာ ကျား ကစားနည်းတွင် ဝါသနာ ထုံခဲ့သည်။ ၁၉၄၅ တွင် လူထု ဂျာနယ်၌ ဆောင်းပါးများ ရေးသားခြင်းဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ရှုမဝ၊ မြဝတီ၊ သွေးသောက်နှင့် အခြား မဂ္ဂဇင်း များတွင် ဆောင်းပါး၊ ဝတ္ထုရှည်၊ ဝတ္ထုတို များစွာ ပါဝင် ရေးသား ခဲ့သည်။ လွတ်လပ်ရေး ခေါင်းလောင်း (၁၉၄၆)၊ အမေ (၁၉၅ဝ)၊ ကိုယ့်အမျိုး ချစ်သူမို့ [၂ တွဲ] (၁၉၅၂)၊ လေသူ ရဲမယ် (၁၉၅၄)၊ ချစ်တနေ့ သေတနေ့ (၁၉၅၈) စသော ဘာသာပြန် စာအုပ်များ၊ သုံးတလပ်နှင့် ဝတ္ထုတိုများ (၁၉၅၈) ပင်ကိုရေးနှင့် စနစ်တကျ ကျား ကစားနည်း စာအုပ် များမှာ ထင်ရှားသည်။ နောက်ဆုံး ရေးလက်စ စာမူမှာ ကျွန်တော့် အစ်ကို ကျားဘညိမ်း ဖြစ်သည်။

ဘဝနိဂုံး

၁၉၈၇ ခုနှစ် မေလ ၁ဝ ရက်နေ့ နံနက် ၅ နာရီတွင် မန္တလေး မြို့၌ ကွယ်လွန် ခဲ့သည်။[]

စာညွှန်း

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်(၂ဝဝ၅ ခု၊ ဇူလိုင်)
  1. မလိခ။ မြန်မာ စာပေ အဘိဓာန် (၁)။ စာ ၂၂ဝ - ၂၂၁။
  2. နေထွတ်။ မန္တလေး အဘိဓာန်။ စာ ၄၅။
  3. ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဇွန် ၁၉၈၇)။ စာ ၁၄၉။
  4. နာရေးကြော်ငြာ၊ ကြေးမုံ (၁၁ - ၅ - ၈၇)။
  5. မိုးဝေ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ မိုးဝေ (ဇွန် ၁၉၈၇)။ စာ ၁၃၆။