၂၀၂၂ အီးမရိတ်ဖလား
ပုံပန်းသွင်ပြင်
ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ | |
---|---|
အိမ်ရှင်နိုင်ငံ | အင်္ဂလန် |
ကျင်းပသည့်နေ့ | ၃၀ ဇူလိုင် |
ယှဉ်ပြိုင်သည့်အသင်း | ၂ |
အားကစားကွင်း | အီးမရိတ် ဘောလုံးကွင်း (အိမ်ရှင်မြို့ ၁ မြို့တွင်) |
နောက်ဆုံး ရပ်တည်မှုများ | |
ချန်ပီယံ | အာဆင်နယ် (6th title) |
ပြိုင်ပွဲဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ | |
ပွဲစဉ် | ၁ |
ဂိုးအရေအတွက် | ၆ (တစ်ပွဲလျှင် ၆ ဂိုးနှုန်း) |
၂၀၂၂ အီးမရိတ်ဖလားသည် အီးမရိတ် ဖလား၏ (၁၁)ကြိမ်မြောက်ရာသီဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်၃၀ ရက်တွင် အာဆင်နယ်အသင်း၏အိမ်ကွင်း၊ အီးမရိတ်ကွင်းတွင် ကျင်းပခဲ့သည်။ အီးမရိတ်ဖလားပွဲစဉ်များကို ၂၀၂၀ပြည့်နှစ်နှင့် ၂၀၂၁ခုနှစ်များတွင် မကျင်းပနိုင်ခဲ့ဘဲ ၂၀၂၂ခုနှစ်တွင်မှ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။ အိမ်ရှင် အာဆင်နယ်ဘောလုံးအသင်းနှင့် စပိန်ဘောလုံးအသင်းဖြစ်သည့် ဆီဗီလာတို့သာ ယှဉ်ပြိုင်ခဲ့ကြပြီး အာဆင်နယ်အသင်းမှ အနိုင်ရရှိခဲ့သည်။
ပွဲစဉ်
[ပြင်ဆင်ရန်]၃၀ ဇူလိုင် ၂၀၂၂ ၁၂:၃၀ (BST) |
အာဆင်နယ် | 6–0 | ဆီဗီလာ | အီးမရိတ် ဘောလုံးကွင်း ဒိုင်လူကြီး: Andrew Madley |
---|---|---|---|---|
|
https://www.arsenal.com/fixture/arsenal/2022-Jul-30/sevilla-fc |