မာတိကာသို့ ခုန်သွားရန်

၂၀၁၁ ရန်ကုန်မြို့တွင်း ပေါက်ကွဲမှု

ဝီကီပီးဒီးယား မှ
၂၀၁၁ ရန်ကုန်မြို့တွင်း ပေါက်ကွဲမှု
မြန်မာနိုင်ငံရှိ ရန်ကုန်တိုင်းဒေသကြီး တည်နေရာပြမြေပုံ
နေရာမင်္ဂလာတောင်ညွန့်မြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ
ရက်စွဲ၂၉ ဒီဇင်ဘာ ၂၀၁၁
သေဆုံးသူဦးရေ၁၇
ဒဏ်ရာရဦးရေ
၈၃

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းခဲ့မှုကို သတင်းထုတ်ပြန်ခဲ့ပြီး ထိုမီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၇ ဦးခန့်သေဆုံးခဲ့ပြီး လူ ၈၃ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးမှုတွင် ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းခဲ့သော မီးများအား ငြှိမ်းသတ်သော မီးသတ်သမား ၅ ဦးလည်း ပါဝင်ခဲ့သည်။[]

နိုင်ငံတော်ပိုင် ကုန်လောင်ရုံများမှ စတင်လောင်ကျွမ်းခဲ့သော မီးကို ငြှိမ်းသတ်နေစဉ်တွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။ သိမ့်သိမ့်တုန်သွားသော ပေါက်ကွဲမှုကြောင့် အိမ်ခြေ အလုံး ၁၀၀ ကျော်၊ ကုန်လောင်ရုံ ၂၆ လုံးနှင့် ဘုန်းကြီးကျောင်း ၂ ခု ထိမှန်ပျက်ဆီးခဲ့ပြီး ထိုအထဲတွင် မီးသတ်ကား လေးစီးလည်း ပါဝင်ခဲ့သည်။ ပေါက်ကွဲမှုသည် မြို့တစ်ခုလုံးအား ရိုက်ခတ်ခဲ့ပြီး လူအများ အိပ်ပျော်နေခြင်းမှ ဆောင့်နိုးသကဲ့သို့ ရှိခဲ့သည်။[][][] ပေါက်ကွဲမှုကြောင့် ထိုနေရာတွင် ၄၀ ပေ (၁၂ မီတာ) ကျယ်ကာ ၁၅ ပေ (၄.၆ မီတာ) နက်သော တွင်းနက်ကြီးတစ်ခုဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော်မှ ထိုကုန်လောင်ရုံများအား ငှားရမ်းခဲ့သော ပိုင်ရှင်နှစ်ဦးမှာ ထိုကုန်လောင်ရုံများတွင် အီလက်ထရောနစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် ဆေးဘက်ဝင်ပစ္စည်းများ သိုလှောင်ခဲ့ကြပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုနှင့် မီးလောင်ကျွမ်းခဲ့မှုတို့သည် ထိုအရာများကြောင့်ဟု မှတ်ယူခဲ့ကြသည်။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. "Burma fire at Rangoon warehouse leaves 16 dead"၊ ၂၉ ဒီဇင်ဘာ ၂၀၁၁ ၁ နိုဝင်ဘာ ၂၀၁၇ တွင် ပြန်စစ်ပြီး
  2. Dozens Dead And Hurt In Warehouse Blaze News.sky.com (၂၀၁၁-၁၂-၂၉)။ ဇန်နဝါရီ ၈ ၂၀၁၂ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၇-၁၁-၁ တွင် ပြန်စစ်ပြီး။
  3. BBC News - Burma blast kills at least 17 in Rangoon Bbc.co.uk (၂၀၁၁-၁၂-၂၉)။ ၂၀၁၇-၁၁-၁ တွင် ပြန်စစ်ပြီး။
  4. Myanmar blast kills, injures dozens - PhotoBlog Photoblog.msnbc.msn.com။ ဧပြီ ၃၀ ၂၀၁၂ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၇-၁၁-၁ တွင် ပြန်စစ်ပြီး။
  5. "Two warehouse owners arrested for Yangon deadly fire, explosion"၊ ၄ ဇန်နဝါရီ ၂၀၁၂ ၁ နိုဝင်ဘာ ၂၀၁၇ တွင် ပြန်စစ်ပြီး