၂၀၁၀ ယွိရှုငလျင်
လှုပ်သောနေရာ | တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချင်းဟိုင်ပြည်နယ်၊ ယွိရှုခရိုင်။ |
---|---|
လှုပ်သောအချိန် | ဂရင်းနစ်စံတော်ချိန် ၂၀၁၀ခုနှစ်၊ ဧပြီလ ၁၃ ရက်
ည ၁၁ နာရီ ၄၉မိနစ် ၃၇ စက္ကန့်။ |
ဒေသစံတော်ချိန် | ၂၀၁၀ခုနှစ်၊ ဧပြီလ ၁၄ ရက် နံနက် ၇ နာရီ ၄၉ မိနစ်။ |
ငလျင်ပြင်းအားပမာဏ | ရစ်ချ်တာစကေး ၆.၉ သို့မဟုတ် ၇.၁ |
ငလျင်ဗဟိုချက်မ | ရိမာရွာ၊ အထက်လားရှို့မြို့နယ်၊ ယွိရှုခရိုင်။
(တိဘက်ကုန်းမြင့်ဒေသ၏လူဦးရေထူထပ်သောဒေသ) |
ငလျင်ဖြစ်ပွားရာအနက် | ၁၀ကီလိုမီတာ (၆မိုင်)[၁][၂] |
ယနေ့ထိအတည်ပြုပြီး
သေဆုံးသူဦးရေ |
၂,၀၆၄ ယောက် |
ယနေ့ထိဒဏ်ရာရသူဦးရေ | ၁၂,၀၈၈ ယောက် |
ပျောက်ဆုံးနေသူဦးရေ | ၂၅၆ ယောက် |
အိုးမဲ့အိမ်မဲ့ဖြစ်ရသူ | ၁ သိန်းကျော် |
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]ချင်းဟိုင်ပြည်နယ်သည် တိဘက်ကုန်းပြင်မြင့်ဒေသ၏ အရှေ့မြောက်စွန်းတွင် တည်ရှိသည်။ ဘူမိဗေဒသဘောအရ အိန္ဒိယကျောက်ချပ်ကြီးနှင့် ယူရေးရှန်းကျောက်ချပ်ကြီးတို့ ဆုံရာဒေသဖြစ်သောကြောင့် ငလျင်ကြောဒေသဖြစ်သည်။ ယခုငလျင်သည် ယွိရှုပြတ်ရွေ့ကြောပေါ်တွင်ဖြစ်ပွားခဲ့သည်။ ယင်းသည် နာမည်ကြီး ခွန်းလွန်ပြတ်ရွေ့ကြောမှ တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့် (၁၈၆မိုင်) အကွာအဝေးတွင် တည်ရှိသည်။ ငလျင်မကြာခဏလှုပ်လေ့ရှိသောဒေသဖြစ်ပြီး ပြင်းအားအဆင့်(၇)ထက်ကျော်သောငလျင်ကြီးများ မှတ်တမ်းအရသိရသည်။
အပျက်အစီး
[ပြင်ဆင်ရန်]စာသင်ကျောင်းပေါင်း (၁၁)ကျောင်းပျက်စီးသွားသည်။ ဂျဲဂူမြို့တွင် အဆောက်အဦး ၈၅% ပြိုကျပျက်စီးခဲ့သည်။ ယွိရှုမှ ၁၅ကီလိုမီတာအကွာတွင်ရှိသော ယန်စီမြစ်၏ မြစ်လက်တက်ဖြစ်သည့် ပါးထန်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် ချန်းကူရေလှောင်တမံသည်လည်း ပျက်စီးခဲ့သည်။ အပူချိန်မှာ ၆ ဒီဂရီ စင်တီဂရိတ်မျှသာရှိသောကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နှင့် ဒေသခံ တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။
ငလျင်လှုပ်ပြီးပြီးချင်းတုံ့ပြန်မှု
[ပြင်ဆင်ရန်]တရုတ်သမ္မတ ဟူကျင်ထောင်းနှင့် ဝန်ကြီးချုပ် ဝမ်ကြားပေါင်တို့က ကယ်ဆယ်ရေးလုပ်ငန်းများ အစွမ်းကုန်လုပ်သွားကြရန် အမိန့်ပေးထားသည်။ ဒုတိယဝန်ကြီးချုပ် ဟွေးလျန်ယွိအားချက်ချင်းစေလွှတ်ခဲ့သည်။ ဧပြီလ(၁၅)ရက်နေ့ (ဒေသစံတော်ချိန်ဧပြီလ ၁၆ရက်နေ့) တွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။ အမေရိကန်ကြက်ခြေနီအသင်းက ကနဦးအလှူငွေ အမေရိကန်ဒေါ်လာ ၅သောင်းကို ချင်းဟိုင်ပြည်နယ်အစိုးရသို့ ပေးအပ်ခဲ့သည်။
ငလျင်ပွားများ
[ပြင်ဆင်ရန်]ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်ပွားများ အများအပြားထပ်မံလှုပ်ခဲ့သည်။ ပြင်းအားအဆင့်(၄)ထက်ကျော်သော ငလျင်များကို ဇယားတွင် ပြသထားသည်။
ရက်စွဲ (နှစ်၊ လ၊ ရက်) |
အချိန် (UTCအချိန်) |
လတ္တီကျု | လောင်ဂျီကျု | အနက် | ပြင်းအား |
---|---|---|---|---|---|
2010-04-13 | 21:40:00 | 33.183° N | 96.623° E | 12 miles | 5.0 (Mw) |
2010-04-13 | 23:49:37 | 33.271° N | 96.629° E | 6 miles | 6.9 (Mw) |
2010-04-14 | 00:01:16 | 32.693° N | 96.872° E | 6 miles | 5.3 (Mw) |
2010-04-14 | 00:12:25 | 33.030° N | 96.560° E | 6 miles | 5.2 (Mw) |
2010-04-14 | 01:25:15 | 33.179° N | 96.448° E | 2 miles | 5.8 (Mw) |
2010-04-14 | 03:15:46 | 32.891° N | 96.482° E | 6 miles | 4.7 (Mw) |
2010-04-14 | 12:19:35 | 33.077° N | 96.846° E | 6 miles} | 4.1 (Mw) |
ကိုးကား
[ပြင်ဆင်ရန်]- ↑ About 400 dead, 10,000 injured in 7.1-magnitude quake in China's Qinghai, xinhuanet.com. Retrieved 14 April 2010.
- ↑ China Earthquake Network Center။ 21 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2016 တွင် ပြန်စစ်ပြီး။