၂၀၁၀ ယွိရှုငလျင်

ဝီကီပီးဒီးယား မှ
ယွိရှုငလျင်ဗဟိုချက်မပြပုံ
လှုပ်သောနေရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံချင်းဟိုင်ပြည်နယ်ယွိရှုခရိုင်
လှုပ်သောအချိန် ဂရင်းနစ်စံတော်ချိန် ၂၀၁၀ခုနှစ်၊ ဧပြီလ ၁၃ ရက်

ည ၁၁ နာရီ ၄၉မိနစ် ၃၇ စက္ကန့်။

ဒေသစံတော်ချိန် ၂၀၁၀ခုနှစ်၊ ဧပြီလ ၁၄ ရက် နံနက် ၇ နာရီ ၄၉ မိနစ်။
ငလျင်ပြင်းအားပမာဏ ရစ်ချ်တာစကေး ၆.၉ သို့မဟုတ် ၇.၁
ငလျင်ဗဟိုချက်မ ရိမာရွာ၊ အထက်လားရှို့မြို့နယ်၊ ယွိရှုခရိုင်။

(တိဘက်ကုန်းမြင့်ဒေသ၏လူဦးရေထူထပ်သောဒေသ)

ငလျင်ဖြစ်ပွားရာအနက် ၁၀ကီလိုမီတာ (၆မိုင်)[၁][၂]
ယနေ့ထိအတည်ပြုပြီး

သေဆုံးသူဦးရေ

၂,၀၆၄ ယောက်
ယနေ့ထိဒဏ်ရာရသူဦးရေ ၁၂,၀၈၈ ယောက်
ပျောက်ဆုံးနေသူဦးရေ ၂၅၆ ယောက်
အိုးမဲ့အိမ်မဲ့ဖြစ်ရသူ ၁ သိန်းကျော်

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

ချင်းဟိုင်ပြည်နယ်သည် တိဘက်ကုန်းပြင်မြင့်ဒေသ၏ အရှေ့မြောက်စွန်းတွင် တည်ရှိသည်။ ဘူမိဗေဒသဘောအရ အိန္ဒိယကျောက်ချပ်ကြီးနှင့် ယူရေးရှန်းကျောက်ချပ်ကြီးတို့ ဆုံရာဒေသဖြစ်သောကြောင့် ငလျင်ကြောဒေသဖြစ်သည်။ ယခုငလျင်သည် ယွိရှုပြတ်ရွေ့ကြောပေါ်တွင်ဖြစ်ပွားခဲ့သည်။ ယင်းသည် နာမည်ကြီး ခွန်းလွန်ပြတ်ရွေ့ကြောမှ တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့် (၁၈၆မိုင်) အကွာအဝေးတွင် တည်ရှိသည်။ ငလျင်မကြာခဏလှုပ်လေ့ရှိသောဒေသဖြစ်ပြီး ပြင်းအားအဆင့်(၇)ထက်ကျော်သောငလျင်ကြီးများ မှတ်တမ်းအရသိရသည်။

အပျက်အစီး[ပြင်ဆင်ရန်]

စာသင်ကျောင်းပေါင်း (၁၁)ကျောင်းပျက်စီးသွားသည်။ ဂျဲဂူမြို့တွင် အဆောက်အဦး ၈၅% ပြိုကျပျက်စီးခဲ့သည်။ ယွိရှုမှ ၁၅ကီလိုမီတာအကွာတွင်ရှိသော ယန်စီမြစ်၏ မြစ်လက်တက်ဖြစ်သည့် ပါးထန်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် ချန်းကူရေလှောင်တမံသည်လည်း ပျက်စီးခဲ့သည်။ အပူချိန်မှာ ၆ ဒီဂရီ စင်တီဂရိတ်မျှသာရှိသောကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နှင့် ဒေသခံ တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။

ငလျင်လှုပ်ပြီးပြီးချင်းတုံ့ပြန်မှု[ပြင်ဆင်ရန်]

တရုတ်သမ္မတ ဟူကျင်ထောင်းနှင့် ဝန်ကြီးချုပ် ဝမ်ကြားပေါင်တို့က ကယ်ဆယ်ရေးလုပ်ငန်းများ အစွမ်းကုန်လုပ်သွားကြရန် အမိန့်ပေးထားသည်။ ဒုတိယဝန်ကြီးချုပ် ဟွေးလျန်ယွိအားချက်ချင်းစေလွှတ်ခဲ့သည်။ ဧပြီလ(၁၅)ရက်နေ့ (ဒေသစံတော်ချိန်ဧပြီလ ၁၆ရက်နေ့) တွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။ အမေရိကန်ကြက်ခြေနီအသင်းက ကနဦးအလှူငွေ အမေရိကန်ဒေါ်လာ ၅သောင်းကို ချင်းဟိုင်ပြည်နယ်အစိုးရသို့ ပေးအပ်ခဲ့သည်။

ငလျင်ပွားများ[ပြင်ဆင်ရန်]

ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်ပွားများ အများအပြားထပ်မံလှုပ်ခဲ့သည်။ ပြင်းအားအဆင့်(၄)ထက်ကျော်သော ငလျင်များကို ဇယားတွင် ပြသထားသည်။

ရက်စွဲ
(နှစ်၊ လ၊ ရက်)
အချိန်
(UTCအချိန်)
လတ္တီကျု လောင်ဂျီကျု အနက် ပြင်းအား
2010-04-13 21:40:00 33.183° N 96.623° E 12 miles 5.0 (Mw)
2010-04-13 23:49:37 33.271° N 96.629° E 6 miles 6.9 (Mw)
2010-04-14 00:01:16 32.693° N 96.872° E 6 miles 5.3 (Mw)
2010-04-14 00:12:25 33.030° N 96.560° E 6 miles 5.2 (Mw)
2010-04-14 01:25:15 33.179° N 96.448° E 2 miles 5.8 (Mw)
2010-04-14 03:15:46 32.891° N 96.482° E 6 miles 4.7 (Mw)
2010-04-14 12:19:35 33.077° N 96.846° E 6 miles} 4.1 (Mw)

ကိုးကား[ပြင်ဆင်ရန်]

  1. About 400 dead, 10,000 injured in 7.1-magnitude quake in China's Qinghai, xinhuanet.com. Retrieved 14 April 2010.
  2. China Earthquake Network Center။ 21 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2016 တွင် ပြန်စစ်ပြီး။