၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များ

ဝီကီပီးဒီးယား မှ
၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များ (澜沧江-耿马地震)
epicenter.
epicenter.
၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များ (မြန်မာနိုင်ငံ)
epicenter.
epicenter.
၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များ (China)
epicenter.
epicenter.
၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များ (ယူနန်ပြည်နယ်)
UTC အချိန်1988-11-06 13:03:19
ISC ဖြစ်ရပ်419867
 419869
USGS-ANSSComCat
 ComCat
ဒေသ ရက်စွဲ6 November 1988
ကာလ19 seconds
အတိုင်းအတာ7.7 Mw (USGS), 7.6 Ms (CEA), 7.3 Ms (USGS)[၁]
 7.2 Ms (CEA), 6.4 mb (USGS), 6.4 Ms (USGS)
အနက်17.8 km
 15.9 km
ငလျင်ဗဟိုတရုတ်-မြန်မာ နယ်စပ် ‌ဒေသ
22°47′20″N 99°36′40″E / 22.789°N 99.611°E / 22.789; 99.611ကိုဩဒိနိတ်: 22°47′20″N 99°36′40″E / 22.789°N 99.611°E / 22.789; 99.611
အမျိုးအစားStrike-slip
သက်ရောက်ဧရိယာChina, Myanmar and Thailand
စုစုပေါင်းပျက်စီးမှု$270 million USD in 1988
အများဆုံးပြင်းအားMMI -- X (Extreme) (1st shock)

MMI -- IX (Violent) (2nd shock)
မြေပြိုမှုများYes
ForeshocksYes
Aftershocks600 +, largest was an Mw 6.1[၂]
ထိခိုက်သေကြေမှုများ730-939 fatalities, 7,700 injured[၃]

၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များ (simplified Chinese: 澜沧江-耿马地震; traditional Chinese: 瀾滄江-耿馬地震; pinyin: Láncāngjiāng-gěng mǎ dìzhèn) ("၁၁.၆ ငလျင်" ဟုလည်း သိကြ) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ရှမ်းရိုးမရှိ နယ်စပ်အနီး ယူနန်ပြည်နယ်၊ လန့်ကန့် နှင့် ဂန့်မ မြို့များတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်သည်။[၄] ငလျင်တစ်စုံသည် ၁၃ မိနစ်ခြားကာ လှုပ်ခတ်ခဲ့ပြီး ပထမတစ်ခုသည် ပမာဏ ၇.၇ ရှိကာ ဒုတိယတစ်ခုသည် ၇.၂ ရှိခဲ့သည်။ ငလျင်နှစ်ခုသည် Mercalli ပြင်းအား X (အလွန်ပြင်းထန်) နှင့် IX (ပြင်းထန်) အသီးသီး ရှိခဲ့ကြသည်။ အနည်းဆုံး လူ ၉၃၉ ဦး သေဆုံးခဲ့ကာ ယူနန်ပြည်နယ်တစ်လျှောက်ရှိ မြို့ပေါင်း ၂၀ တွင် လူပေါင်း ၇၇၀၀ ကျော်သည် ထိခိုက်မှုများ ရှိခဲ့သည်။ ဤငလျင်သည် ၁၉၇၆ ခုနှစ် တန့်ရှန်းငလျင်ဖြစ်ပြီးကတည်းက ဆိုပါက နိုင်ငံတွင် အပြင်းဆုံး ငလျင် ဖြစ်ခဲ့သည်။[၅] ငလျင်နှစ်ခုစလုံးကြောင့် ထိခိုက်မှုနှင့် စီးပွားရေးအရ ဆုံးရှုံးမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၇၀ မီလီယံ (၁၉၈၈ ခုနှစ် ဒေါ်လာဈေးဖြင့်) ရှိခဲ့သည်။ အတော်အတန်ပြင်းထန်၍ ကြီးမားသည့် နောက်ပိုင်းငလျင်များသည် ထိုဒေသတွင် လှုပ်ခတ်ခဲ့ကာ နောက်ထပ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်သည့် အချက်အလက်အများစုကို တရုတ်အစိုးရသည် နိုင်ငံအတွင်းတွင် ထိုအချိန်က ဖြစ်ပွားနေသည့် နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတော်လှန်ရေးများကြောင့် ထိမ်ချန်ထားခဲ့သည်။ [၆]

သက်ရောက်မှုများ[ပြင်ဆင်ရန်]

ငလျင်ကြောင့် စာသင်ကျောင်း ၄၀၀၀ ကျော်နှင့် ယူနန်ပြည်နယ်ရှိ ဆေးဝါးကူညီရေးဌာနမျာား ပျက်စီးခဲ့သည်။ အခြား အိမ်များ ၁.၃၀၈သန်းသည်လည်း ပျက်စီးခဲ့သည်။ ထုထည် ၁,၀၀၀,၀၀၀ ကုဗမီတာရှိသည့် ကျောက်ထုရွေ့လျားမှုကြောင့် ကားလမ်းမများနှင့် မြစ်များကို ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကာ ရေကြောင်းပို့ဆောင်ရေးများ ရပ်တန့်ခဲ့သည်။ များသောအားဖြင့် အဆောက်အဦများစွာတို့သည် ပိုမိုကောင်းမွန်သည့်ဆောက်လုပ်ရေးလုပ်ငန်းနည်းပညာများနှင့် ငလျင်မတိုင်မီ ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများကြောင့် ငလျင်အတွင်း ကောင်းမွန်စွာရှိခဲ့သည်။ ငလျင်လှုပ်ခတ်ခဲ့သည့်ဒေသတွင် တည်ရှိသည့် အဆောက်အဦများစွာတို့သည် ပြိုကျပျက်စီးခဲ့ရသည်။ ရုပ်ရှင်ရုံတစ်ခုအပါအဝင် အဆောက်အဦအချို့ သည် ငလျင်ဒဏ် ပြင်းအား VIII ကို ခံနိုင်ရန်၊ အဆောက်အဦတစ်ခုသည် ပြင်းအား Ixကို ခံနိုင်ရည်ရှိရန် တည်ဆောက်ထားသည့်အတွက် ငလျင်လှုပ်ခတ်ခဲ့သည့်အခါ ပျက်စီးမှု မရှိခဲ့ပေ။[၇] ဤအဆောက်အဦများသည် ငလျင်မလှုပ်ခတ်မီကပင် တောင့်တင်းခိုင်မာစွာ ရှိခဲ့ကြသည်။[၁]

ပျက်စီးမှုများ[ပြင်ဆင်ရန်]

ကယ်ဆယ်ရေး[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Lancang—Gengma Earthquake: A Preliminary Report on the November 6, 1988, Event and its Aftershocks" (1989). Eos, Transactions American Geophysical Union 70 (49). doi:10.1029/89EO00376. Bibcode1989EOSTr..70.1527C. 
  2. M 6.1 - Myanmar-China border region။ 22 February 2021 တွင် ပြန်စစ်ပြီး။
  3. 1988年11月6日云南省澜沧-耿马7.6、7.2级地震။ Yunnan Seismological Bureau။ 11 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 July 2021 တွင် ပြန်စစ်ပြီး။
  4. "谨以此片 纪念澜沧11.6大地震三十周年(一)"၊ Sohu၊ 2018-11-07။ 
  5. Ramirez, Marizen (2005). "Epidemiology of Traumatic Injuries from Earthquakes". Epidemiologic Reviews 21 (1): 47–55. doi:10.1093/epirev/mxi005. 
  6. Associated Press။ "Hundreds injured in China earthquake"၊ The Guardian၊ 10 July 2010။ 
  7. "Yunnan November 6, 1988; M7.6, 7.2 Earthquakes"၊ Earthquake Engineering Research Institute၊ 1989။