ဝီကီပီးဒီးယား မှ

သည် မြန်မာဘာသာ၌ အခြေခံသရ (၁၁) လုံး[မှတ်စု ၁] နှင့် သင်ရိုးသရ (၁၂) လုံး [မှတ်စု ၂] ထဲမှ သရတစ်ခုဖြစ်သည်။ ထို့အပြင် အသံပိုင်းဆိုင်ရာအရ "ဩ" သရသည် "အာ၊ ဤ၊ ဦ၊ ဧ၊ အဲ၊ ဪ၊ အို" ကဲ့သို့ သံရှည်သရ (သို့) ဒီဃသရ တစ်မျိုးဖြစ်၍ "အော" ဟူသော အသံရှိသည်။ [၁]

"ဩ" သည် လုံးချင်းသရ တစ်ခုဖြစ်၏။ ဗျည်းအက္ခရာ "သ" ကို " ြ" ဖြင့်ပေါင်းစပ်ထားခြင်းမဟုတ်ပေ။ ထိုသို့ ပေါင်းစပ်သည့် ဩ (သ+ြ) ကို "သရ" ဟု ထွက်ရှိမည် ဖြစ်သည်။ [၂]


မှတ်စု[ပြင်ဆင်ရန်]

  1. အခြေခံသရ (၁၁) လုံးမှာ : အ ၊ အာ ၊ ဣ ၊ ဤ ၊ ဥ ၊ ဦ ၊ ဧ ၊ အဲ ၊ ဩ ၊ ဩော် ၊ အို
  2. သင်ရိုးသရ (၁၂) လုံးမှာ : အ ၊ အာ ၊ ဣ ၊ ဤ ၊ ဥ ၊ ဦ ၊ ဧ ၊ အဲ ၊ ဩ ၊ ဩော် ၊ အံ ၊ အား

ကိုးကား[ပြင်ဆင်ရန်]

  1. ကျော်လှဝင်း (ပညာရေး)၊ သူငယ်တန်းမြန်မာစာသင်ပြမှုနည်းပညာ (ဗျည်းအက္ခရာနှင့် သရအက္ခရာများ)။ 14 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 October 2020 တွင် ပြန်စစ်ပြီး။
  2. ကိုသိမ်းမြတ် (အလင်္ကာပုလဲပန်း)၊ ဘီဘီစီ၊ အလင်္ကာပုလဲပန်း၊ ၍၊ ၌၊ ၏၊ ၎င်း အက္ခရာတွေ ဖြစ်ပေါ်လာပုံ