ဧကဉ္ဇလိက၊ သုဘူတိဝဂ်

ဝီကီပီးဒီးယား မှ

အရှင်ဧကဉ္ဇလိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်ဧကဉ္ဇလိကထေရ် သည် မြတ်စွာဘုရားအား လမ်းခရီး၌ တွေ့လေ၏။ ထိုအခါ ကြည်ညိုသောစိတ်ဖြင့် လက်အုပ်တစ်ကြိမ်ချီကာ ရှိခိုး၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ဤသို့ ဘဒ္ဒကမ္ဘာမှ ရေတွက်ပါက ကိုးဆယ့်တစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားကို လက်အုပ်ချီကာ ရှိခိုးခဲ့ရသည့် အကျိုးကြောင့် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဧကဉ္ဇလိကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဘူတိဝဂ်