ဦးယမ် (မိုင်းခိုင်းဝန်)

ဝီကီပီးဒီးယား မှ

မင်းကြီးမဟာဇေယျသူ (၁၁၇၇ - ၁၂၅၄) သည် မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တွင် မိုင်းခိုင်းဝန်ဟု ထင်ရှားခဲ့သည့် ပညာရှိတစ်ဦး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဦးယမ်ကို ၁၁၇၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်နေ့တွင် တနင်္ဂနွေနေ့တွင် စလင်းမြို့တော်ငဖက် သမန်းရင်းရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးကျော်စံအိ - ဒေါ်လုံလေးတို့ ဖြစ်သည်။ မိုင်းခိုင်းမြို့ကို စားရသောကြောင့် မိုင်းခိုင်းဝန်ဟု တွင်ခဲ့သည်။ ငယ်မည်မှာ ဦးယမ် ဖြစ်သည်။

မိုင်းခိုင်းဝန်သည် ဗြဲတိုက်သံဆင်၊ ခင်မမင်းဝန်၊ စစ်ကိုင်း၊ အမြင့်၊ အလုံ၊ တပယင်းမြို့များ ခရိုင်ဝန်၊ ရှေ့တော်ပြေးမှူး၊ မကွေးမြို့စား၊ သံတော်လွှတ်ဆင့်၊ ဥယျာဉ်တော်မှူး၊ လက်ရွေးကြီးလှော်ကားတော်အုပ်၊ ရန်လွှင့်တော်အုပ်၊ အတွင်းဝန်မဟာသေနာပတိစသည့် အရာထူးများစွာတို့တွင် ထမ်းရွာခဲ့သူ ဖြစ်သည်။

ဦးယမ်သည် ရဟန်းဝါ ၂ ဝါရဖူး၍ ဘွဲ့တော်မှာ ဦးကေလာသဘ ဖြစ်သည်။ မင်းတုန်းမင်းလက်ထက်တွင် ပဉ္စမသင်္ဂါယနာတင်ရာ၌ ပိဋကတ်တော်များ ရေးကူးရာတွင် ပိဋကတ်တော်အုပ်အဖြစ် ကြပ်မတ်ဆောင်ရွက်ခဲ့ရသည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

မိုင်းခိုင်းဝန်သည် သက္ကရာဇ် ၁၂၅၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် သောကြာနေ့တွင် ကွယ်လွန်ခဲ့သည်။[၁]

ကျမ်းများ ပြုစုခြင်း[ပြင်ဆင်ရန်]

မိုင်းခိုင်းဝန်သည် အောက်ပါကျမ်းများကို ရေးသားပြုစုခဲ့သည်။

  1. ကမ္မဘေဒဝိဘာဂနီ
  2. ဆန္နဝုတိပါသဏ္ဍဝိသဇ္ဇနာ
  3. ဒွါသရာသီဒီပနီ
  4. ရာဇသေဝကဒီပနီ
  5. လောကီလောကုတ္တရာကျမ်းလာစစ်ဆင်နည်း
  6. ရှင်ဥက္ကံသမာလာကျောက်စာ
  7. မဓုရသဝါဟိနီသန္ဒေသကထာပါဌ်အနက်
  8. သေနာပတိဝိနိစ္ဆယ
  9. ဓမ္မပဏ္ဏာကာရကထာမေတ္တာစာ
  10. မိဝိုင်းနှင့် ဝလာသဖြတ်စာ
  11. အတိဝိစိတြသန္ဒေသကထာပါဌ်အနက်
  12. သုသန္ဒေသကထာအနက်
  13. မေတ္တောဒကသေစနဒီပနီ
  14. မုခမင်္ဂလာမဟာမေတ္တာစာကြီး
  15. သုဂန္ဓကထာမေတ္တာစာ
  16. မဟာရဋ္ဌသာရုပတ္တိကထာကျမ်း
  17. အတိသုခုမတ္တသန္ဒေသကထာမေတ္တာစာ
  18. ဝိသုဒ္ဓိမဂ်ဋီကာနိသျ
  19. မဟာဝင်စာကိုယ်နိသျ
  20. အနာဂတဝင်ပါဠိတော်နိသျ
  21. သဒ္ဒါရှစ်စောင်နိသျသစ်
  22. ဒုတိယမဟာဝင်ရာဇဝင်တော်
  23. ဓမ္မပဒပါဠိတော်နိသျသစ်
  24. ပိဋကတ်သမိုင်း
  25. ဒါဌာဓာတုဝင်စာကိုယ်နိသျ
  26. သင်္ဂြိုဟ်နိသျသစ်
  27. ဓမ္မသံဟဟိတဒီပနီ
  28. ရာဇဝင်ချပ်[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁ခုနှစ်)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များအတ္ထုပ္ပတ္တိပေါင်းချုပ်။ ၃၅၇၊ဗိုလ်အောင်ကျော်လမ်း၊ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၂၃၊ ၂၂၄။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)