ဦးမြဲ

ဝီကီပီးဒီးယား မှ
ဒီပဲယင်းဝန်ထောက် ဦးမြဲ
ဒီပဲယင်းဝန်ထောက် ဦးမြဲ

ဦးမြဲ (၁၈၄၃ - ၁၉၀၅) သည် ကုန်းဘောင်ခေတ်တွင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်၌ အမှုထမ်းကာ ကနောင်မင်းသား၏ မြန်မာ့စက်မှုတော်လှန်ရေးခေတ်ဦးတွင် ရှေ့ဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။[၁]

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦ:မြဲကို ၁၈၄၃ ခုနှစ်တွင် ဖွားမြင်သည်။ ငယ်စဉ်က ပြင်သစ်ခရစ်ယာန်သာသနာပြု ဘူရဒွန်ထံမှ အင်္ဂလိပ်စာသင်သည်။

မင်းတုန်းမင်းထံ အမှုထမ်းခြင်း[ပြင်ဆင်ရန်]

အသက်(၁၇)နှစ်အရွယ်တွင် မင်းတုန်းမင်းထံ၌ လက်ဖက်ရည်တော်အဖြစ် အမှုထမ်းသည်။ ၁၈၆၂ ခုနှစ်၊ ဒီဇင်ဘာတွင် မောင်အောင်သူနှင့်အတူ ပြင်သစ်နိုင်ငံသို့ ပညာသင်သွားရာ ဗဟို ဝိဇ္ဇာပညာနှင့် ထုတ်လုပ်ရေးကျောင်း (L'Ecole des Arts et Manufacture) ၌ သင်ကြားခွင့်ရသည်။လေးနှစ်အကြာတွင် သိပ္ပံဘွဲ့ရသည်။ ၁၈၆၆ ခုနှစ်တွင် သတ္တုဗေဒပညာရပ်များ သင်ယူသည်။ ထို့နောက် ဓာတုဗေဒပညာရပ်များ ထပ်မံသင်ယူသည်။ ၁၈၆၈ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာပြည်သို့ ပြန်လာသည်။ ၁၈၇၀ ဝန်းကျင်တွင် ပညာတော်သင်အဖြစ် ပြင်သစ်နိုင်ငံသို့ ထပ်မံသွားရောက်ပြန်သည်။ အင်္ဂလန်သို့သွား၍လည်း ခဲယမ်းမီးကျောက်ပညာ သင်ယူခဲ့သေးသည်။ ၁၈၇၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် အင်္ဂလန်မှ ပြန်လာကာ တောင်ထားဝယ်ဗိုလ်၏ လက်အောက်ရှိ ရေနံချက်လုပ်ငန်းကို ဦးစီ:ရသည်။

သီပေါမင်းထံ အမှုထမ်းခြင်း[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက်သို့ ရောက်သော် ဒီပဲယင်းဝန်ထောက်ရာထူးကို ရသည်။ ၁၈၈၃ ခုနှစ်တွင် ပြင်သစ်သို့သွား၍ စက်မှုလုပ်ငန်းများ လေ့လာရာ ၁၈၈၅ ခုနှစ်၊ မေလကုန်တွင် ပြန်ရောက်သည်။ ၁၈၈၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ပြင်သစ်သံအမတ် ခန့်အပ်ခံရ၍ ဇနီး ဒေါ်ရွှေရည်နှင့်အတူ ဇူလိုင်လ ၁၂ ရက်တွင် မန္တလေးမှ ထွက်သည်။ သီပေါမင်း ပါတော်မူသော် ပညာတော်သင် (၂၂) ဦးနှင့်အတူ ပြင်သစ်၌ သောင်တင်နေရာ အင်္ဂလိပ်အစိုးရ၏ အကူအညီဖြင့် ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီတွင် မြန်မာပြည်သို့ ပြန်ရောက်လာသည်။ နောင်သော် မန္တလေးမြို့၏ သမာဓိမြို့ဝန်ဖြစ်လာပြီး အင်္ဂလိပ်အစိုးရက အေတီအမ်ဘွဲ့ ချီးမြင့်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၀၅ ခုနှစ်တွင် မန္တလေးမြို့၌ပင် ကွယ်လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး (၂၀၁၂၊ ဩဂုတ်) "ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်"၊ ပန်းဝေဝေစာပေ၊ ရန်ကုန်။