ဦးနှောက်ကြီး

ဝီကီပီးဒီးယား မှ
အနီရောင်နှင့် ပြထားသည့် အပိုင်းမှာ အထက်ဦးနှောက် (စယ်ရီဘရမ်) ဖြစ်၏။

စယ်ရီဘရမ် (ခေါ်) အထက်ဦးနှောက် (သို့) ထိပ်စွန်းဦးနှောက်[၁] (en:cerebrum or endbrain) သည် တိရိစ္ဆာန်တို့၏ ဦးနှောက်ရှိ အကြီးမားဆုံး ကဏ္ဍအပိုင်းအဖြစ်ပြီး အပေါ်ပိုင်းကျနေသည့် မျက်နှာပြင် ပျော့ပျော့ရှုံ့ရှုံ့နှင့် တွေ့ရမည့် အပိုင်း ဖြစ်သည်။ ဘက်ဘက်ခြမ်းဖြစ်စေ ညာဘက်ခြမ်း ဖြစ်စေ ဦးနှောက်တခြမ်းခြမ်း၏ အထက်ဦးနှောက် (စယ်ရီဘရမ်) တခုတွင် အဖု ၄ဖု ပါရှိနေမည် ဖြစ်သည်။ ၎င်းတို့မှာ -

  1. အရှေ့ဖု (en:fronal lobe)
  2. အထက်ကာဖု (en:parietal lobe)
  3. အောက်ခိုဖု (en:temporal lobe)
  4. အမြင်ဖု (en:occipital lobe)

တို့ ဖြစ်သည်။

ဆက်စပ် ကြည့်ရှုဖွယ်[ပြင်ဆင်ရန်]

အကိုးအကား[ပြင်ဆင်ရန်]