အရှေ့ဖု

ဝီကီပီးဒီးယား မှ
အနီရောင်နှင့် ပြထားသည့် အဖုမှာ အထက်ဦးနှောက်အရှေ့ဖု (frontal lobe) ဖြစ်၏။

အထက်ဦးနှောက်ရှိ အရှေ့ဖု (အင်္ဂလိပ်: frontal lobe) သည် အဆင့်မြင့်သော စဉ်းစားမှုများ ဆောင်ရွက်ရာနေရာ ဖြစ်သည်။ အချက်အလက် အသစ်များကို ဆင်ခြင်မှတ်ရှုခြင်း၊ တွက်ချက် အဖြေရှာခြင်း စသည်တို့ကို ဆောင်ရွက်နေခြင်းမှာ ဦးနှောက်၏ ဤအပိုင်းအတွင်း၌ နျူရွန်များအကြား လျှပ်စီးအချက်အလက်များ ပျားပန်းခတ် ကူးလူးသွားလာနေကြခြင်းပင် ဖြစ်နေပေသည်။