ဦးဇိနစေတီတော်

ဝီကီပီးဒီးယား မှ
ဦးဇိနစေတီတော်
ဦးဇိနစေတီတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဦးဇိနစေတီတော်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်16°28′23″N 97°37′46″E / 16.4731674°N 97.6294996°E / 16.4731674; 97.6294996ကိုဩဒိနိတ်: 16°28′23″N 97°37′46″E / 16.4731674°N 97.6294996°E / 16.4731674; 97.6294996
ဘာသာရေး နှီးနွယ်မှုBuddhism
တိုင်းMon State
နိုင်ငံMyanmar
လက်ရှိအခြေအနေactive
ဗိသုကာ
စတင်သည့်နှစ်19th century
Artwork Above South Walkway Entrance to Uzina Pagoda (one of several)

ဦးဇိနစေတီတော် သည် မော်လမြိုင်မြို့ အရှေ့ဘက် တောင်ရိုးတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရှေးအခါက ထိုဘုရားကို ကျိုက်ပတန် (ဘုရားဖြူ) ဟု မွန်ဘာသာဖြင့် ခေါ်ခဲ့သည်။ ဦးဇိန တည်ခဲ့သည့် စေတီဟောင်းသည် အသောကမင်းကြီးတည်ထားခဲ့သည့် ဆံတော်ကိန်းဝပ်လျက်ရှိသည့် စေတီဟု ယုံကြည်မှုများလည်း ရှိသည်။ (မော်လမြိုင်ရာဇဝင်၊ စာမျက်နှာ ၁၇၂) [၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

မြန်မာ သက္ကရာဇ် ၁၂၃၅ ခုနှစ်တွင် မော်လမြိုင်မြို့ခံ သူဌေးဦးမိုးသည် ပျက်စီးနေသည့် စေတီတော်ကို ပြုပြင်ခဲ့သည်။ သို့ရာတွင် စေတီတော်သည် ငှက်ပျောဖူးအထိ ပြင်ပြီးမှ ပြိုကျခဲ့သည်။ ထို့ကြောင့် ဒုတိယအကြိမ် ထပ်မံ ပြုပြင်ခဲ့သည်။ ဒုတိယအကြိမ်တွင်လည်း ငှက်ပျောဖူးအထိ ပြီးသည့်အခါ ပြိုကျခဲ့ပြန်သည်။ တတိယအကြိမ်တွင်မူ သံခွေပတ်များဖြင့် တည်ခဲ့သဖြင့် အောင်မြင်ခဲ့သည်။ ထီတော်တင်ပွဲကို လေးလကြာ ကျင်းပခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၈၉။