မာတိကာသို့ ခုန်သွားရန်

ယူအေးဖာ

ဝီကီပီးဒီးယား မှ
(ဥရောပ ဘောလုံးအဖွဲ့ချုပ် မှ ပြန်ညွှန်းထားသည်)
ဥရောပ ဘောလုံးအဖွဲ့ချုပ်
အတိုကောက်UEFA (ယူအေးဖာ)
ဖွဲ့စည်းခြင်း၁၅ ဇွန် ၁၉၅၄; ၇၂ နှစ် အကြာက (၁၉၅၄-၀၆-15)
အမျိုးအစားဘောလုံးအားကစား အဖွဲ့အစည်း
ဌာနချုပ်ညောန်မြို့၊ ဆွစ်ဇာလန်နိုင်ငံ
ကိုဩဒိနိတ်46°22′16″N 6°13′52″E / 46.371009°N 6.23103°E / 46.371009; 6.23103
ဝန်ဆောင်မှုဒေသ
ဥရောပ
အဖွဲ့ဝင်များ
နိုင်ငံအသင်း (၅၅)သင်း
ရုံးသုံးဘာသာစကားများ
အင်္ဂလိပ်
ပြင်သစ်
ဂျာမန်
(တရားဝင်မဟုတ် သို့သော် အဓိကသုံးစွဲ : အီတလီ၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်) [၁]
ဥက္ကဋ္ဌ
Aleksander Čeferin[၂]
အထွေထွေအတွင်းရေးမှူး
Theodore Theodoridis
အဓိကအဖွဲ့အစည်း
ယူအေးဖာ ကွန်ဂရက်
မိခင်အဖွဲ့အစည်း
ဖီဖာ
ဝက်ဘ်ဆိုဒ်uefa.com

ဥရောပဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: The Union of European Football Associations, အတိုကောက်:UEFA /ယူအေးဖာ) သည် ဘောလုံး၊ ဖူဆယ်ဘောလုံး၊ ကမ်းခြေဘောလုံး အားကစားနည်းများကို ဥရောပတွင် အုပ်ချုပ်သည့် အဖွဲ့အစည်းဖြစ်သည်။ သို့ရာတွင် အချို့သော အသင်းဝင်နိုင်ငံများမှာ မူလအားဖြင့်သော်လည်းကောင်း အလုံးစုံသော်လည်းကောင်း အာရှ၌ပါဝင်ခဲ့ကြသည်။ ဖီဖာ၏ ဘောလုံးအားကစား ကမ္ဘာ့တိုက်ကြီးများ နယ်မြေဒေသကြီး (၆)ခုမှ တစ်ခုဖြစ်သည်။ ယူအေးဖာတွင် အမျိုးသား ဘောလုံးအသင်း (၅၅) နိုင်ငံပါဝင်ကြသည်။

ယူအေးဖာသည် ဥရောပတိုက်ရှိ နိုင်ငံဘောလုံးအသင်းများကို ကိုယ်စားပြု၍ နိုင်ငံ၊ ကလပ်ပြိုင်ပွဲများ : ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ၊ ယူအေးဖာ နိုင်ငံများလိဂ်၊ ယူအေးဖာ ချန်ပီယံလိဂ်၊ ယူအေးဖာ ယူရိုပါလိဂ်၊ ယူအေးဖာ စူပါ ဖလား ကို ကျင်းပပေးသည်။ ထိုပြိုင်ပွဲများရှိ ဆုကြေးငွေ၊ စည်းမျဉ်းများ၊ မီဒီယာ အခွင်းအရေးများကိုလည်း ထိန်းချုပ်စီမံသည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ အဖွဲ့ဝင်အချို့သည် ဥရောပတိုက်ကြီးအတွင်း၌ တစ်စိတ်တစ်ပိုင်းသာ ပါဝင်ခြင်း (သို့မဟုတ်) လုံးဝပါဝင်ခြင်းမရှိသည့် နိုင်ငံများ (အစ္စရေး၊ တူရကီ၊ ကာဇက်စတန်၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ အာမေးနီးယား၊ ဆိုက်ပရပ်စ်နှင့် ရုရှား) ဖြစ်ကြသည်။ ထို့အပြင် ဖာရိုးကျွန်းစု (Faroe Islands)၊ အင်္ဂလန်၊ စကော့တလန်၊ ဝေလနှင့် မြောက်အိုင်ယာလန်တို့ကဲ့သို့ အချုပ်အခြာအာဏာပိုင်နိုင်ငံများကို ကိုယ်စားမပြုသော အဖွဲ့ဝင်များလည်း ပါဝင်လျက်ရှိသည်။[၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ uefa.com။ How to switch to another language of UEFA.com – Inside UEFA – UEFA.com။ 9 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2018 တွင် ပြန်စစ်ပြီး။
  2. ↑ "Čeferin elected as UEFA President"၊ UEFA။ 14 September 2016 တွင် ပြန်စစ်ပြီး။
  3. ↑ Our stakeholders (in en)။ 2026-03-30 တွင် ပြန်စစ်ပြီး။