ဆွေးနွေးချက်:ယူအေးဖာ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ကျွန်တော်လည်း ခုရက်ပိုင်း ဘောလုံးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေမှာ တောက်လျှောက် 'ယူအီးအက်ဖ်အေ' ဆိုပြီးသုံးလာတာ ဒီနေ့ ဒီဆောင်းပါး ဘာသာပြန်တော့မှ 'ယူအေးဖာ' /jˈfə/ yoo-AY-fə လို့ အသံထွက်မှန်း သိတယ်။ (uː စာလုံးက သံရှိန်ဆွဲရပေမယ့် စာလုံးမှာ တစ်ကယ့်ဖိအားက 'အေး'မှာရှိလို့ ယူ ကို ယူး မလုပ်တော့ဘဲ အသံဖျော့ထားပါတယ်။ သဘာဝအသံအတိုင်းပါ) လက်ရှိဆောင်းပါးကို အသံမှန်နဲ့ပဲရေးထားပါတယ်။ အကယ်၍ ဝီကီစည်းမျဉ်းအရ လက်ခံသည်ဖြစ်စေ ပြောင်းသည်ဖြစ်စေ ကိစ္စမရှိပါဟု ဆွေးနွေးချက်ပေးပါတယ်။ ( ဘောလုံးပွဲတွေ မကြည့်ဖြစ်တာ နှစ်အတော်ကြာပါပြီ ဝီကီမှာ ရှိသင့်တယ်ထင်လို့ ကြုံတုန်း ဟိုစပ်စပ် ဒီစပ်စပ် ရေးနေတာပါ) Aungookingofcelestials (ဆွေးနွေး) ၁၈:၀၆၊ ၂၆ ဇူလိုင် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]