ဥရောပအနုမြူစွမ်းအင်အဖွဲ့

ဝီကီပီးဒီးယား မှ

၁၉၅၇ ခုနှစ် မတ်လ ၂၅ ရက်နေ့က အီတလီ နိုင်ငံ ရောမမြို့တွင် ချုပ်ဆိုခဲ့သည့် စာချုပ်အရ ၁၉၅၈ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့တွင် ဥရောပ အနုမြူစွမ်းအင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာပူးပေါင်း အသုံးချရေးပင် ဖြစ်၏။ အဖွဲ့သည် အနုမြူစွမ်းအင်ကို စစ်ရေးအတွက် အသုံးချရေး ဆောင်ရွက်ချက်များနှင့် လုံးဝမပတ်သက်ပေ။ အဖွဲ့ဝင်နိုင်ငံများအား အနုမြူစွမ်းအင်ကို စစ်ရေး ကိစ္စတွင် အသုံးမပြုရန်လည်း ပိတ်ပင်တားမြစ်ထားသည်။


ဥရောပ အနုမြူစွမ်းအင်အဖွဲ့သည် ဗြိတိန်နှင့်အမေရိကန်ပြည်ထောင်စုတို့မှ အနုမြူစွမ်းအင် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုထားသည်။ ဥရောပအနုမြူစွမ်းအင် အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဘယ်လဂျီယမ်၊ ပြင်သစ်၊ နယ်သာလန်၊ အနောက်ဂျာမနီ၊ အီတလီနှင့် လူဇင်ဗတ် နိုင်ငံတို့ ပါဝင်ပြီး အဖွဲ့၏ဌာနချုပ်ကို ဗဲလဂျီယမ်နိုင်ငံ ဗရပ်ဆဲမြို့တွင်ထားရှိသည်။

ဥရောပ အနုမြူစွမ်းအင် အဖွဲ့၏ လက်အောက်တွင် အဖွဲ့ဝင်ငါးဦး ပါဝင်သည့် ကော်မရှင်အဖွဲ့၊ အဖွဲ့ ဝင် ၂ဝ ပါဝင်သည့် သိပ္ပံနှင့် စက်မှုကော်မတီ၊ အဖွဲ့ဝင် ၁ဝ၁ ဦးပါဝင်သည့် စီးပွားရေးကော်မတီနှင့် အဖွဲ့ဝင်ခြောက်ဦးပါဝင်သည့် ဝန်ကြီးများကောင်စီတို့ရှိသည်။ ဝန်ကြီးများ ကောင်စီသည် ဆုံးဖြတ်ချက် ချမှတ်နိုင်သော အာဏာပိုင်အဖွဲ့ပင်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)