ဥဒယဂီရိ၊ ဩရိဿ
ဥဒယဂီရိ | |
---|---|
ଉଦୟଗିରି | |
အဓိကစေတီတော်ကြီး | |
အချက်အလက်များ | |
တည်နေရာ | India |
ကိုဩဒိနိတ် | 20°38′30″N 86°16′09″E / 20.6416°N 86.2692°Eကိုဩဒိနိတ်: 20°38′30″N 86°16′09″E / 20.6416°N 86.2692°E |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
ပြည်နယ် | ဩရိဿပြည်နယ် |
နိုင်ငံ | အိန္ဒိယနိုင်ငံ |
လက်ရှိအခြေအနေ | ထိန်းသိမ်းထား |
ဥဒယဂီရိ (Odia:ଉଦୟଗିରି) သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တွင် တည်ရှိသည့် အကြီးများဆုံး ဗုဒ္ဓစေတီပုထိုးတစ်ခု ဖြစ်သည်။[၁] ဤစေတီ၏ အနီးအနားတွင် Lalitgiri နှင့် Ratnagiri ရှိ စေတီပုထိုးများ တည်ရှိနေကြပြီး "Ratnagiri-Udayagiri-Lalitgiri " တို့၏ စိန်တြိဂံနေရာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။[၂] ရှေးခေတ်မှတ်တမ်းများတွင် ဤစေတီများထဲမှ တစ်ခု သို့မဟုတ် အားလုံးသည် Pushpagiri ဝိဟာရ ဟု ထင်မြင်မှုများ ရှိခဲ့ကြသည်။ သို့သော် ယခုကာလတွင်မူ စေတီတော်သည် သိသာစွာပင် မတူညီသည့် နေရာတွင် တည်ရှိလျက် ရှိသည်။ ထိုနေရာတွင် တွေ့ရှိရသည့် လူ့အသုံးအဆောင်ပစ္စည်းတွင် ဖော်ပြထားချက်အရ ဥဒယဂီရိစေတီတော်၏ သမိုင်းဝင်ဘွဲ့အမည်သည် "မဒဝပူရမဟာဝိဟာရ" ဖြစ်သည်။[၃] ဤနေရာသည် ဗုဒ္ဓဘာသာသာသနာ့နယ်မြေတစ်ခု ဖြစ်ကာ Ratnagiri နှင့်Lalitgiri ရှိ နယ်မြေများထက် ရှေးကျသည်။[၁]
တည်နေရာ
[ပြင်ဆင်ရန်]ဥဒယဂီရိသည် Jajpur ခရိုင်ရှိ Cuttack ၏ အရှေ့မြောက်ဘက် ၇၀ ကီလိုမီတာ (၄၃ မိုင်) နှင့် Bhubaneswar ၏ အရှေ့မြောက်ဘက် ၉၀ ကီလိုမီတာ (၅၆ မိုင်) အကွာရှိ တောင်ခြေတွင် တည်ရှိသည်။[၃] Ratnagiri နှင့် Udaygiri တို့မှ ၁၁ ကီလိုမီတာအကွာတွင်ရှိ၍ Lalitgiri မှ ၇ ကီလိုမီတာအကွာတွင် တည်ရှိသည်။ [၁][၂] ယခုအချိန်တွင် Puspagiri ဟု သတ်မှတ်ထားသည့် နေရာသည် Udaygiriမှ ၁၈ ကီလိုမီတာကွာဝေးပြီး "တြိဂံ" နေရာနှင့် အနီးဆုံးလည်း ဖြစ်သည်။
ရှာဖွေမှုများ
[ပြင်ဆင်ရန်]ရုပ်ပုံများ
[ပြင်ဆင်ရန်]-
Stupas of Udayagiri Buddhist complex, Odisha
စာပေများ
[ပြင်ဆင်ရန်]- Hoiberg၊ Dale; Ramchandani၊ Indu (2000)။ Students' Britannica India။ Popular Prakashan။ ISBN 978-0-85229-760-5။CS1 maint: ref=harv (link)
- Session၊ Indian Art History Congress (2000)။ Proceedings of Indian Art History Congress။ Indian Art History Congress။CS1 maint: ref=harv (link)
ပိုမိုဖတ်ရှုရန်
[ပြင်ဆင်ရန်]- Donaldson, Thomas Eugene, Iconography of the Buddhist Sculpture of Odisha, 2001, Abhinav Publications, ISBN 81-7017-375-2, Volume 1 is the text, given page references, and 2 the plates, given figure numbers.
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ Udayagiri။ Government of Odisha, Department of Tourism။ 20 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2020 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Kumar၊ Arjun။ "Sounds of silence at Buddhist sites in Odisha, Ratnagiri-Udayagiri-Lalitgiri"၊ 22 March 2012။ 27 October 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 12 March 2016။
- ↑ ၃.၀ ၃.၁ Excavations – 2000–2005 – Orissa။ Various Udaygiri-2, dt. Jajpur။ Archaeological Survey of India။ 11 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2015 တွင် ပြန်စစ်ပြီး။