ဥတ္တိယ

ဝီကီပီးဒီးယား မှ

အရှင်ဥတ္တိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်ဥတ္တိယထေရ်သည် ထိုအချိန်တွင် စန္ဒဘာဂါမြစ်ကမ်းတွင် မိကျောင်းတစ်ကောင် ဖြစ်နေ၏။ တစ်နေ့သောအခါ မြတ်စွာဘုရားသည် တစ်ဖက်ကမ်းသို့ ကူးလိုသည်ကို မိကျောင်းသည် “မိမိအား စီးပါ၊ တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးပါမည်” ဟု ဆို၏။ ထို့နောက် မြတ်စွာဘုရားအား တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထို့နောက် မိကျောင်းသည် သေလွန်သောအခါ နတ်ပြည်သို့ရောက်ခဲ့၏။ ခုနစ်ကြိမ် သိကြားမင်းအဖြစ်ကို ရ၏။ သုံးကြိမ် စကြဝတေးမင်း ဖြစ်ခဲ့၏။

ဤသို့ ဘဒ္ဒကမ္ဘာမှ ရေတွက်ပါက ကိုးဆယ့်လေးကမ္ဘာထက်တွင် မြတ်စွာဘုရားကို တစ်ဖက်ကမ်းသို့ ပို့ပေးခဲ့သည့် အကျိုးကြောင့် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဥတ္တိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဘူတိဝဂ်