အ.ထ.က၊ ကျောက်တံတား

ဝီကီပီးဒီးယား မှ

အခြေခံပညာ အထက်တန်းကျောင်း၊ ကျောက်တံတား သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးကျောက်တံတားမြို့နယ်ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၃၇ လမ်းထောင့်တွင် တည်ရှိသည်။ မြို့နယ်တစ်ခုလုံးတွင် အထက်တန်း‌ကျောင်းတစ်ကျောင်းတည်းသာရှိ၍ အမှတ်စဉ်မတပ်ဘဲ ရေးသားခေါ်ဆိုသည်။ ယခင် ‌မူလခရေပင်ကုန်း-မော်လမြိုင် ဘုန်းကြီးကျောင်းအား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၈၁ ခုနှစ်တွင် သာသနာတော် သန့်ရှင်းရေးအတွက် ပြည်သူပိုင်သိမ်းဆည်း၍ အထက်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။[၁] ယင်းကျောင်းဝန်းအတွင်း ရှေးဟောင်းရဟန္တာသိမ်ဖြစ်သည့် ဝိမုတ္တိသုခရဟန္တာသိမ်တော်ကြီးနှင့် အခြားသာသနိက အဆောက်အအုံများတည်ရှိသည်။ ပြည်သူပိုင်သိမ်းပြီးနောက် အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တံတားမြို့နယ်အဖြစ် တည်ရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ် ဘုန်းကြီးကျောင်း ဖြစ်မြောက်ရေး ကော်မတီက တိပိဋက နိကာယ မော်လမြိုင်ကျောင်းတိုက်အဖြစ် ကျောင်းပိုင်မြေအတွင်းမှ သာသနိကအဆောက်အဦများတည်ရှိသည့် နေရာနှင့် အဆောက်အဦးများအား ရွှေရတု တိပိဋကရဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝံသပါလာလင်္ကာရ (မြင်းမူဆရာတော်)နှင့် တိပိဋကဓရ ဘဒ္ဒန္တပညာသီရိလင်္ကာရ (မြင်းမူဆရာတော်)တို့ထံ လွှဲပြောင်းအပ်နှံခဲ့သည်။ အဆိုပါကျောင်းအပ်လှူဒါန်းပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  • အ.ထ.က ‌ကျောက်တံတား သမိုင်းအကျဉ်း