အဲလိဇဘက်တေလာ

ဝီကီပီးဒီးယား မှ
Dame
Elizabeth Taylor
DBE
Taylor in 1956
မွေးဖွားElizabeth Rosemond Taylor
(1932-02-27)၂၇ ဖေဖော်ဝါရီ၊ ၁၉၃၂
လန်ဒန်မြို့၊ အင်္ဂလန်။
ကွယ်လွန်၂၃ မတ်၊ ၂၀၁၁(2011-03-23) (အသက် ၇၉)
Los Angeles, California, U.S.
သေဆုံးရခြင်း အကြောင်းရင်းCongestive heart failure
ထာဝရ နားခိုရာနေရာForest Lawn Memorial Park, Glendale, [California
နိုင်ငံလူမျိုးBritish-American
အလုပ်အကိုင်Actress, entrepreneur
တက်ကြွလှုပ်ရှားနှစ်များ၁၉၄၂–၂၀၀၃
အိမ်ထောင်ဖက်(များ)
  • Conrad Hilton Jr.
    (လက်ထပ် 1950; ကွာရှင်း 1951)
  • Michael Wilding
    (လက်ထပ် 1952; ကွာရှင်း 1957)
  • Mike Todd
    (လက်ထပ် 1957; died 1958)
  • Eddie Fisher
    (လက်ထပ် 1959; ကွာရှင်း 1964)
  • Richard Burton
    (လက်ထပ် 1964; ကွာရှင်း 1974) &
    (m. 1975; div. 1976)
  • John Warner
    (လက်ထပ် 1976; ကွာရှင်း 1982)
  • Larry Fortensky
    (လက်ထပ် 1991; ကွာရှင်း 1996)
သားသမီး
မိဘ(များ)
  • Francis Lenn Taylor
  • Sara Sothern
ရရှိသည့်ဆုများFull list
ဝက်ဘ်ဆိုဒ်elizabethtaylor.com

အမေရိကန်ရုပ်ရှင်လောက ဟောလိဝုဒ်၏ ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇ်ဘက်သ်ရို့စ်မွန်တေလာ (အဲလစ်ဇ်ဘက်သ်တေလာ)ကို ၁၉၃၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ဟမ်းစတက်ဂါးဒင်း၌ ဖခင် ဖရန်စစ်လန်းတေလာနှင့် မိခင် ဆာရာဗွိုင်လာတို့ကမွေးဖွားသည်။ ဖခင်နှင့်မိခင်မှာ အမေရိကန်နိုင်ငံသားများ ဖြစ်သော်လည်း အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေနေထိုင်ခဲ့သည်။ ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ဖခင်သည် ပန်းချီပြခန်းပိုင်ရှင်ဖြစ်ပြီး မိခင်သည် ပြဇာတ်မင်းသမီးဟောင်းဖြစ်သည်။ လစ်ဇ်၏အစ်ကိုမှာ ဟောင်းဝဒ်တေလာဖြစ်သည်။ ငယ်ရွယ်စဉ် ကလေးဘဝကတည်းက အများနှင့်မတူ အသွင်အပြင် ကွာခြား လှပသည့်လစ်ဇ်ကို ယူနီဗာဆယ်လ် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှ ခုနစ်နှစ်အတွက် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သောကြောင့် ၁၉၄၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် There’s one Born Every Minute ရုပ်ရှင်တွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ တစ်နှစ်အကြာတွင် ယူနီဗာဆယ်လ်နှင့် လမ်းခွဲခဲ့ပြီး MGM ကုမ္ပဏီမှ အင်္ဂလိပ်ကလေး သရုပ်ဆောင်ဇာတ်ရုပ်အတွက် လစ်ဇ်ကိုလက်ခံခဲ့၍ ၁၉၄၃ ခုနှစ်တွင် Lassie Come Home ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ လစ်ဇ်ကို၎င်းအသက် ၁၂ အရွယ်တွင် ရိုက်ကူးခဲ့သော National Velvet ဇာတ်ကားမှစ၍ လူသိများခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ရိုက်ကူးခဲ့သော Little Women ရုပ်ရှင်တွင် ကလေးသရုပ်ဆောင်အဖြစ် နောက်ဆုံးရိုက်ကူးခဲ့ပြီး Conspirator ဇာတ်ကားမှစ၍ လူကြီးသရုပ်ဆောင်အဖြစ် စတင်ရိုက်ကူးခဲ့သည်။ ၁၉၅၇ ခုနှစ်မှ လေးနှစ်ဆက်တိုက် အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရိုက်ကူးသော Butterfield 8 ဇာတ်ကားတွင် အပျော်မယ်အဖြစ် သရုပ်ဆောင်ထူးချွန်ခဲ့၍ အော်စကာဆုရရှိခဲ့သည်။ ထိုမှစ၍ဟောလိဝုဒ်၏ အအောင်မြင်ဆုံး အနုပညာရှင်များစာရင်းတွင် ပါဝင်ခဲ့ပြီး အနုပညာကြေးအမြင့်ဆုံးမင်းသမီးအဖြစ် ရုပ်ရှင်တစ်ကားလျှင် ဒေါ်လာတစ်သန်းရရှိခဲ့သည်။

20th Century Foxရုပ်ရှင်ကုမ္ပဏီအတွက်မင်းသားရစ်ချက်ဘာတန်နှင့်တွဲဖက်၍ ကလီယိုပါထရာရုပ်ရှင်ကို ၁၉၆၀ ခုနှစ်တွင် ရိုက်ကူးခဲ့ပြီး ၁၉၆၃ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ ၎င်းရုပ်ရှင်မှာ အထူးအောင်မြင်ခဲ့၍ အနုပညာကြေးအဖြစ် ဒေါ်လာ ၇သန်းရရှိခဲ့သည်။ ၁၉၅၉ ခုနှစ် အသက် ၂၇ နှစ်တွင်ခရစ်ယာန်ဘာသာမှ ဂျူးဘာသာသို့ ကူးပြောင်းကိုးကွယ်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် မင်းသားရစ်ချက်ဘာတန်နှင့်ပင် Who's Afraid of Virginia Woolf? ရုပ်ရှင်ကိုရိုက်ကူးခဲ့ရာ ပညာတတ် ပါမောက္ခတစ်ဦး၏ပေါ့သွမ်းသောဇနီးသည်အဖြစ် သရုပ်ဆောင်ထူးချွန်ခဲ့၍ အော်စကာဆုရရှိခဲ့ပြန်သည်။ လစ်ဇ်သည် ရုပ်ရှင်ကားများ၊ ပြဇာတ်များအပြင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများကိုလည်းရိုက်ကူးခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ရုံတင်ခဲ့သော The Flintstones ဇာတ်ကားမှာ စ်ဇ်နောက်ဆုံးရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်ပြီး နောက်ပိုင်းတွင် ရုပ်ရှင်ကားများလက်ခံရိုက်ကူးခြင်းမရှိခဲ့ပေ။ လစ်ဇ်သည်အေအိုင်ဒီအက်စ်ရောဂါသုတေသနရန်ပုံငွေ ရှာဖွေရာတွင် ဒေါ်လာသန်း ၂၀၀ကျော်ရရှိသည်အထိ ရှာဖွေနိုင်ခဲ့ပြီး လူမှုရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရာတွင် ထူးချွန်ခဲ့၍ ၁၉၉၂ ခုနှစ်တွင် Jean Herscholt Humanitarian ဆုနှင့် အမေရိကန်သမ္မတကချီးမြှင့်သော Presidential Citizens Medal ဆုတို့အပြင်အခြားဆုများစွာကိုလည်း ရရှိခဲ့သည်။ ကယ်လီဖိုးနီးယားမြို့တော်ဝန် ဟောင်းမင်းသားကြီးအာနိုးကလည်း ပြည်နယ်၏ ဂုဏ်ဆောင်သူအမျိုးသမီးအဖြစ် ဂုဏ်ပြုခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ပြင်သစ်ပြည်မှ ချီးမြှင့်သည့် Legion of Honour ဆုကိုလည်းကောင်း၊ ၂၀၀၀ ပြည့်နှစ် တွင် အင်္ဂလန်ဘုရင်မကြီးကပေးအပ်သော Dame Commander of the Order of the British Empire ဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။ လစ်ဇ်သည် လူမှုရေးလုပ်ငန်းများနှင့်အနုပညာ လုပ်ငန်းများတွင် ထူးချွန်၍ဆုများစွာရရှိခဲ့ရုံသာမက ခရမ်းပြာရောင် မျက်လုံးများနှင့် ထူခြားသောလှပမှုကို ပိုင်ဆိုင်ခြင်း၊ အိမ်ထောင်ဖက်များခဲ့ခြင်းနှင့် အိမ်ထောင်ဖက်များကပေးခဲ့သောအဖိုးတန် လက်ဝတ်ရတနာများနှင့် လက်ဆောင်များ ပိုင်ဆိုင်ခဲ့ခြင်းတို့ကြောင့်လည်း လူသိများထင်ရှားခဲ့ခြင်းဖြစ်သည်။ လစ်ဇ်သည် အမျိုးသားခုနစ်ဦးနှင့် အိမ်ထောင်ရှစ်ကြိမ်ပြုခဲ့သည်။ ပဉ္စမနှင့်ဆဋ္ဌမမြောက် ခင်ပွန်းအဖြစ် မင်းသားရစ်ချက်ဘာတန်ကို ၁၉၆၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၇၅ ခုနှစ်တွင်တစ်ကြိမ် နှစ်ကြိမ်လက်ထပ်ခဲ့သည်။

လစ်ဇ်သည် ခင်ပွန်းသည်များပေးသော ရှားပါးအဖိုးတန်သည့် လက်ဝတ်ရတနာများအပြင် လန်ဒန်၊ဟာဝိုင်အီနှင့် Palm Springs တို့တွင် အိမ်ကြီးများကိုပိုင်ဆိုင်ခဲ့သည်။ ထို့ပြင် The Elizabeth Collection လက်ဝတ်ရတနာအရောင်းဆိုင်နှင့် နာမည်ကျော်ရေမွှေးတံဆိပ်များဖြစ်သည့် White Diamonds, Passion, Passion For Men တို့ကိုလည်း ထုတ်လုပ်ရောင်းချဆဲဖြစ်သည်။ ကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှုစုစုပေါင်းမှာ သန်း ၆၀၀ မှ ၁၀၀၀ အထိဟု ခန့်မှန်းကြသည်။ အဲလစ်ဇ်ဘက်သ်တေလာသည် အသက် ၇၉ နှစ်အရွယ်၊ မတ်လ ၂၃ ရက် နံနက် ၁နာရီ ၂၈ မိနစ်တွင် လော့စ်အိန်ဂျလိစ်မြို့ Cedars-Sinai ဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီတွင် ဆေးရုံသို့အကြိမ်ပေါင်းများစွာတက်ခဲ့ရပြီး ခွဲစိတ်မှုပေါင်းမျိုးစုံပြုလုပ်ခဲ့ရသည်။ လစ်ဇ်ကိုမတ်လ ၂၄ ရက်တွင်လော့စ်အိန်ဂျလိစ်မြို့ Forest Lawn သုသာန်တွင်၂၀၁၀ ပြည့်နှစ်က ကွယ်လွန်ခဲ့သော မိုက်ကယ်ဂျက်ဆင်၏အုတ်ဂူနှင့်ကပ်လျက် မြှုပ်နှံခဲ့သည်။ အသုဘအခမ်းအနားသို့ အရင်းနှီးဆုံးမိတ်ဆွေ ၄၀ ခန့်သာတက်ရောက်ခွင့်ပြုခဲ့သည်။ ကွယ်လွန်ချိန်တွင် သား ၂ ဦး၊ သမီး ၂ ဦး၊ မြေး ၁၀ဦး နှင့် မြစ် ၄ ဦးကျန်ရစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

အဲလိဇဘက် တေလာကို အမေရိကန်လူမျိုး မိဘနှစ်ပါးမှ လန်ဒန်မြို့တွင် မွေးဖွားခဲ့ပြီး သူမ၏ မိဘနှစ်ပါးမှာ ဒုတိယကမ္ဘာစစ် စတင်ချိန်တွင် အမေရိကန်ပြည်ထောင်စု သို့ ပြန်သွားခဲ့သည်။ သူမသည် ချောမောလှပသော ကလေး တစ်ယောက်ဖြစ်ပြီး အသက် ၁၀ နှစ်မှစ၍ ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာခဲ့သည်။ ပထမဆုံး ရုပ်ရှင်မှာ လက်ဆီ၏ အိမ်အပြန် (Lassie Come Home) (၁၉၄၂) ခုနှစ် ဖြစ်ပြီး ဒုတိယရုပ်ရှင်မှာ National Velvet (၁၉၄၄) ဖြစ်သည်။ သူမသည် ဆယ်ကျော်သက် အရွယ်တွင် ဇာတ်ပို့နေရာအမျိုးမျိုးတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူငယ် သရုပ်ဆောင် အဖြစ်သို့ အလွယ်တကူ ကူးပြောင်းနိုင်ခဲ့သည်။

ပထမဆုံး အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည် ဇာတ်ကားမှာ ၁၉၅၀ ခုနှစ်တွင် ရိုက်ကူးသော A Place in the Sun ဇာတ်ကား ဖြစ်ပြီး မောင်ဂိုမာရီ ကလစ်ဖ်နှင့် အတူ သရုပ်ဆောင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များအတွင်း ရုပ်ရှင်များတွင် တောက်လျှောက် ပါဝင်ခဲ့ပြီး ထင်ရှားသော ဇာတ်ကားများမှာ The Father of the Bride (၁၉၅၁)၊ Ivanhoe (၁၉၅၂)၊ Elephant Walk (၁၉၅၄)၊ Rhapsody (၁၉၅၄)၊ Giant (၁၉၅၆)၊ Raintree County (၁၉၅၇)၊ Cat on a Hot Tin Roof (၁၉၅၈) ၊ Suddenly last Summer (၁၉၅၉)၊ Butterfield 8 (၁၉၆၀) စသည်တို့ ဖြစ်သည်။

ကလီယိုပတ်ထရာ ဇာတ်ကားမှ ဘာတွန်နှင့် တေလာ

၁၉၆၃ တွင် သူမသည် ကလီယိုပတ်ထရာ ဇာတ်ကားတွင် ဦးဆောင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ၁၉၆၄ တွင် သူမ၏ ပဉ္စမမြောက် ခင်ပွန်း ဖြစ်လာမည့် ရစ်ချက်ဘာတွန်နှင့် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦးသည် ရုပ်ရှင် အတော်များများတွင် အတူတကွ သရုပ်ဆောင်ခဲ့ပြီး ၎င်းတို့မှာ The V.I.P's (၁၉၆၃)၊ The Sandpiper (၁၉၆၅)၊ Who's afraid of Virginia Woolf ? (၁၉၆၆)၊ The Taming of the Shrew (၁၉၆၇)၊ Boom (၁၉၆၈) တို့ ဖြစ်ကြသည်။ သူမသည် Secret Ceremony (၁၉၆၉)၊ X, Y and Zee (၁၉၇၂) နှင့် Ash Wednesday (၁၉၇၃) တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

သူမသည် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆု နှစ်ခု ရရှိခဲ့သည်။ ပထမတစ်ခုမှာ Butterfield 8 တွင် ဖြစ်ပြီး ဒုတိယတစ်ခုမှာ Who's Afraid of Virginia Woolf? တွင် ဖြစ်သည်။

သူမ၏ နာမကျန်း ဖြစ်မှု အမျိုးမျိုးနှင့် လူသိများသူတို့နှင့် လက်ထပ်ခြင်းများကြောင့် သတင်းစာ ခေါင်းစဉ်များမှ ပျောက်ကွယ်သွားသည်ဟူ၍ မရှိသလောက် ပင် ဖြစ်သည်။ သူမနှင့် လက်ထပ်ခဲ့သော ထင်ရှားကျော်ကြားသူများမျာ နစ်ကီဟီလ်တန် (Nicky Hilton) ၊ မိုက်ကယ်လ် ဝိုင်းလ်ဒင်း (Michael Wilding) ၊ မိုက်တော့ဒ် (Mike Todd) ၊ အယ်ဒီ ဖစ်ရှာ (Eddie Fisher) ၊ ရစ်ချက်ဘာတွန် (Richard Burton) (နှစ်ကြိမ်) နှင့် ဂျွန်ဝါနာ (John Warner) တို့ဖြစ်သည်။ မိုက်ကယ်လ် ဝိုင်းလ်ဒင်းနှင့် သားနှစ်ယောက် ရခဲ့ပြီး မိုက်တော့ဒ်နှင့် သမီးတစ်ယောက် ရခဲ့သည်။ ရစ်ချက်ဘာတွန်နှင့် လက်ထပ်ထားစဉ် သမီးတစ်ယောက်လည်း မွေးစားခဲ့သည်။

သူမ၏ ဘဝနှောင်းပိုင်းများတွင် အေအိုင်ဒီအက်စ် ရောဂါအတွက် ရန်ပုံငွေ ရှာဖွေရေးကို အလေးပေး လုပ်ဆောင်ခဲ့သည်။

သေဆုံးခြင်း[ပြင်ဆင်ရန်]

အဲလိဇဘက် တေလာသည် ၂၀၁၁ ခုနှစ် မတ်လ ၂၃ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့တွင် အသက် ၇၉ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)