အဲလက်စ် ဟစ်ဂင်စ်

ဝီကီပီးဒီးယား မှ
အဲလက်စ် ဟစ်ဂင်စ်
၂၀၀၈၌ တွေ့ရစဉ်
မွေးဖွား(1949-03-18)၁၈ မတ်၊ ၁၉၄၉
Belfast, Northern Ireland
ကွယ်လွန်၂၄ ဇူလိုင်၊ ၂၀၁၀(2010-07-24) (အသက် ၆၁)
Belfast, Northern Ireland
ကိုယ်စားပြု နိုင်ငံ မြောက်အိုင်ယာလန်
အမည်ပြောင်Hurricane,[၁] The Irish Hurricane
သက်မွေးဝမ်းကျောင်း
(အဆင့်မြင့်)
၁၉၇၁–၁၉၉၇[၂]
အမြင့်ဆုံး အဆင့်အဆင့်(၂) (၁၉၇၆/၇၇]] နှင့် ၁၉၈၂/၈၃]])[၃]
ကစားသမားဘဝ
အောင်မြင်မှုများ
£ 711,999
အမြင့်ဆုံး
တစ်ချီတည်းအမှတ်ယူနိုင်မှု
၁၄၂ ၁၉၈၅ ဗြိတိသျှအလွတ်တန်း ပြိုင်ပွဲ[၃]
အမှတ် (၁၀၀) (သို့) အထက်၈၂
Tournament wins
အဆင့်သတ်မှတ်ပွဲစဉ်
နိုင်ပွဲ
အဆင့်မသတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၂၃
ကမ္ဘာ့ချန်ပီယံ
  • ၁၉၇၂
  • ၁၉၈၂

အလက်စ်ဇန်းဒါး ဂေါဒန် ဟစ်ဂင်စ် (အင်္ဂလိပ်: Alexander Gordon Higgins) (၁၉၄၉ မတ် ၁၈ – ၂၀၁၀ ဇူလိုင် ၂၄)[၄] သည် မြောက်အိုင်ယာလန်သား အဆင့်မြင့် စနူကာ ကစားသမားတစ်ဦးဖြစ်ကာ ဤကစားနည်း၏ အထင်ရှားဆုံးသော ပုဂ္ဂိုလ်များထဲမှတစ်ဦး အဖြစ် အမှတ်ရစရာကောင်းသူ ဖြစ်သည်။ ၎င်း၏ သွက်လက်လျင်မြန်စွာ ကစားနိုင်မှုကြောင့် 'ဟာရီကိန်း ဟစ်ဂင်စ်' ဟူ၍ အမည်ပြောင်ရရှိခဲ့ပြီး[၅] ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကို ၁၉၇၂၊ ၁၉၈၂ များတွင် ဆွတ်ခူးခဲ့သည်။ ၁၉၈၃တွင် ယူကေချန်ပီယံ၊ ၁၉၇၈နှင့် ၁၉၈၁ နှစ်များတွင် မာစတာဆု ရရှိခဲ့သဖြင့် စနူကာလောက၏ 'သုံးထပ်ကွမ်းသရဖူ' ကို ပြည့်စုံစေခဲ့သည်။

လူကြိုက်များမှုကြောင့် ဟစ်ဂင်စ်ကို 'ပြည်သူ့အချစ်တော်' (People's Champion) ဟူ၍ လူသိများပြီး[၆] ၁၉၈၀နှစ်များအတွင်း ဤကစားနည်းကို ထိပ်တန်းရေပန်းစားစေရန်ပြုလုပ်ပေးရင်း စနူကာကို ပရိသတ်များစွာဆီသို့ ဆောင်ယူပေးမှုများကြောင့် ရံခါတွင် ၎င်းကို ကျေးဇူးဥပကာရပြုကြသည်။[၇] ခန့်မှန်း၍မရနိုင်သော၊ (ပြိုင်ဆိုင်ရန်) ခက်ခဲသောသူတစ်ဦးဟူ၍လည်း ဂုဏ်ပုဒ်များရှိသည်။[၈] ဆေးလိပ် အလွန်အကျွံသောက်သူ၊ [၉] အရက်နှင့် လောင်းကစားများဖြင့် ရုံးကန်နေရသူ၊ [၇][၁၀] ကိုကိန်းနှင့် မဲရီဝါးနားအရွက် (ဆေးခြောက်) (marijuana) သုံးကြောင်းလည်း ဝန်ခံသူဖြစ်သည်။[၅] ၁၉၉၈တွင် လည်ချောင်း ကင်ဆာ ရရှိခဲ့ပြီး[၁၁] ဟစ်ဂင်စ်သည် ၎င်း၏ ဘဲလ်ဖာ့စ်တ်မြို့ရှိ နေအိမ် (Belfast) တွင် ၂၀၁၀ ဇူလိုင် ၂၄ တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Hughes၊ Simon။ "These days Hurricane Higgins is running out of wind"၊ Sydney Morning Herald၊ Fairfax Digital၊ 25 January 2003။ 28 April 2008 တွင် ပြန်စစ်ပြီး။ Archived from the original on 30 March 2008။ 
  2. Then and Now: Alex Higgins။ Eurosport (4 November 2009)။ 14 January 2010 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Chris၊ Turner (3 August 2010)။ Alex Higgins။ Chris Turners Snooker Archive။ 10 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2010 တွင် ပြန်စစ်ပြီး။
  4. Boyle၊ Simon။ "Alex 'Hurricane' Higgins dies, aged 61"၊ London: The Telegraph၊ 24 July 2010။ 24 July 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 27 July 2010။ 
  5. ၅.၀ ၅.၁ "Obituary: Alex Higgins"၊ BBC၊ 24 July 2010။ 24 July 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 26 July 2010။ 
  6. Weber၊ Bruce။ "Alex Higgins, the Bombastic 'People's Champion' of Pro Snooker, Dies at 61"၊ New York Times၊ 31 July 2010။ 3 August 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 19 October 2014။ 
  7. ၇.၀ ၇.၁ Neenan၊ Bill။ "Snooker's elite pay tribute to the inspiration of Alex Higgins"၊ London: guardian.co.uk၊ 24 July 2010။ 24 July 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 29 July 2010။ 
  8. "Hurricane Higgins used to live in Cuffley" (in en)၊ Hertfordshire Mercury၊ 30 July 2010။ Archived from the original on 2 May 2017။ 
  9. "Where are they now?"၊ BBC Sport၊ 24 July 2010။ 31 January 2002 တွင် ပြန်စစ်ပြီး 
  10. "Hurricane warning"၊ Irish Independent၊ 19 October 2002။ 
  11. Alex Higgins။ Talk Snooker (24 July 2010)။ 17 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 July 2010 တွင် ပြန်စစ်ပြီး။