အဲရဟတ်၊ အေ

ဝီကီပီးဒီးယား မှ
Amelia Earhart
မွေးဖွားAmelia Mary Earhart
(1897-07-24)ဇူလိုင် ၂၄၊ ၁၈၉၇
Atchison, Kansas, U.S.
ပျောက်ဆုံးဇူလိုင် ၂၊ ၁၉၃၇ (အသက် ၃၉)
ပစိဖိတ်သမုဒ္ဒရာ၊ Howland ကျွန်းသို့ ပျံသန်းနေစဉ်
လက်ရှိ အခြေအနေDeclared dead in absentia
ဇန်နဝါရီ ၅၊ ၁၉၃၉(1939-01-05) (အသက် ၄၁)
နိုင်ငံလူမျိုးအမေရိကန်
ကျော်ကြားမှုအရင်းခံအတ္တလန္တိတ်သမုဒ္ဒရာကို တစ်ကိုယ်တည်းဖြတ်ကျော်သူ ပထမဆုံး အမျိုးသမီး
အိမ်ထောင်ဖက်(များ)George P. Putnam
ဝက်ဘ်ဆိုဒ်ameliaearhart.com
လက်မှတ်

အာမဲလီယာ အဲရဟတ် (အင်္ဂလိပ်: Amelia Mary Earhart; /ˈɛərhɑːrt/; ဇူလိုင် ၂၄၊ ၁၉၈၇ – ဇူလိုင် ၂၊ ၁၉၃၇ ပျောက်ဆုံး)သည် နာမည်ထင်ရှားသော အမေရိကန် အမျိုးသမီး လေသူရဲဖြစ်သည်။ ၁၈၉၇ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကန်းဆက်ပြည်နယ် အက်ချီဆန်မြို့၌ ဖွားမြင်သည်။ ကိုလမ္ဗီး ယားတက္ကသိုလ်တွင် အတန်ကြာမျှ ပညာသင်ကြားခဲ့ပြီးနောက် ကျောင်းမှထွက်၍ လူမှုဝန်ထမ်းလုပ်ငန်း၌ ၂ နှစ်အမှုထမ်းခဲ့ သည်။ ထို့နောက် လေယာဉ်ပျံသန်းရေး အတတ်ပညာကိုသာ စိတ်ပါဝင်စားသဖြင့် ထိုပညာကို အာရုံစိုက်လေ့လာခဲ့လေသည်။ ၁၉၂၈ ခု ဇွန်လ ၁၇ ရက်နေ့တွင် အဲရဟတ်သည် နျူးဖောင်းလန်းကျွန်းမှ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော်၍ အင်္ဂလန်နိုင်ငံ ဝေလနယ် ဗာရီပို့မြို့သို့ ပျံသန်းသော လေယာဉ် ပျံ၌ စီးနင်းလိုက်ပါခဲ့ရာ အမျိုးသမီးထဲမှ ထိုသမုဒ္ဒရာကို ပထမ ဦးဆုံး ဖြတ်ကျော်သူအဖြစ် ထင်ရှားခဲ့လေသည်။ ၁၉၃၁ ခုနှစ် တွင် ပုံနှိပ်ထုတ်ဝေသူ ဂျီ၊ ပီ၊ ပွတ္တနမ်နှင့် ထိမ်းမြားလက်ထပ် သည်။

၁၉၃၂ ခုနှစ် မေလထဲ၌ အဲရဟတ်သည် နျူးဖောင်း လန်းကျွန်းမှ အိုင်ယာလန်နိုင်ငံ လန်ဒန်ဒါရီမြို့သို့ လေယာဉ်ပျံ ကို တစ်ကိုယ်တည်း မောင်းနှင်ပျံသန်းခဲ့လေသည်။ ထိုစွန့်စားမှု ကြောင့် အဲရဟတ်သည် အတ္တလန္တိတ်သမုဒ္ဒရာကို လေယာဉ်ပျံ ဖြင့် တစ်ယောက်တည်း ဖြတ်သန်းခဲ့သော ပထမဦးဆုံး အမျိုး သမီးအဖြစ် နာမည်ပို၍ ထင်ရှားလာပေသည်။


တစ်ဖန် ၁၉၃၅ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့တွင် ဟာဝိုင်းယန်းကျွန်း၊ ဟိုနိုလူးလူးမြို့မှ ကာလီဖီုးနီးယားပြည်နယ် အုတ်ကလန်မြို့သို့ လေယာဉ်ပျံကို တစ်ယောက်တည်း မောင်း နှင်ပျံသန်းခဲ့ရာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့သော ပထမဦး ဆုံးအမျိုးသမီးဟူ၍ ဂုဏ်သတင်းပျံ့နှံ့ခဲ့ပြန်သည်။ အာမဲ လီယာ အဲရဟတ်သည် ထိုကဲ့သို့ လေယာဉ်ပျံဖြင့် စွန့်စားပျံသန်းမှုများ ကြောင့် အမျိုးသမီးထဲတွင် ဒီ၊ အက်(ဖ)၊ စီ ဘွဲ့တံဆိပ်နှင့် အမျိုးသားပထဝီဝင် အသင်းကြီး၏ ရွှေတံဆိပ်ကို ပထမဦးဆုံး ချီးမြှင့်ခြင်းခံရလေသည်။


၁၉၃၇ ခုနှစ်တွင် အဲရဟတ်သည် လေယာဉ်ပျံကို တစ် ယောက်တည်းမောင်းနှင်၍ ကမ္ဘာတစ်ပတ် ပျံသန်းနေစဉ် ပစိ ဖိတ်သမုဒ္ဒရာထဲ၌ ပျောက်ဆုံးခဲ့ရလေသည်။ အဲရဟတ်သည် လေယာဉ်ပျံသန်းခြင်းနှင့်ဆိုင်သော စာအုပ်များကို ရေးသားထုတ် ဝေခဲ့ရာ နာရီပေါင်း ၂ဝ နှင့် မိနစ် ၄ဝ စာအုပ်နှင့် နောက်ဆုံး လေယာဉ်ခရီး စာအုပ်တို့မှာ ထင်ရှားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)