အဲမောင်း

ဝီကီပီးဒီးယား မှ
အဲမောင်း၏အဖျား

အဲမောင်းသည်ရှေးမြန်မာတပ်မတော်သုံး အမွှေးဖွားလှံဖြစ်သည်။ ပြာသိုလ မြင်းခင်းသဘင်၌ လှံရေးပြရာတွင် အဲမောင်းလှံရေးလည်းတစ်ခုအပါအဝင်ဖြစ်သည်။

အဲမောင်းရေး ၃၇-မျိုး[ပြင်ဆင်ရန်]

  1. ပယ်ဝန်း- သက်တင် ရေသောက်ဟန်၊
  2. ပယ်စိတ်- ခြင်္သေ့တန်းဆွဲဟန်၊
  3. ပယ်ခွဲ- စလွယ်တင်ဟန်၊
  4. စန္ဒရရှက်- သိကြား တန်ဆောင်ကိုင်ဟန်၊
  5. လေးကျွန်းမှန်ကူ- ဗြဟ္မာ လက်လှမ်းဟန်၊
  6. ဘုံနန်းတန်ဆောင်- က ဦးဟန်၊
  7. စွန်ဝဲ- ဟင်္သာ တောင်ယက်ဟန်၊
  8. ဆင်ထူး- စွန်တောင်ဖြန့်ဟန်၊
  9. ရွှေနန်းတိုင်စီ- ကြင်စပန်း တင်ဟန်၊
  10. ကြာချပ်- တင်ပိုက်စီးဟန်။
  11. အုန်းပင်ရေသွန်း- ဂဠုန် တောင်ညှပ်ဟန်၊
  12. နွယ်ထွက်-တိမ်ချည်ဖုံးဟန်၊
  13. စွန်သုတ်-တံပိုးသွဲ့ဟန်၊
  14. ရှစ်မြှောင့်ခိုနန်း- အမြီးသွေးဟန်၊
  15. လက်ယာဆက်ကြာဖူး- လက်ဝဲစလွတ်တင်ဟန်၊
  16. နွယ်ဝင်- ပြည်လုံးရစ်လည်ဟန်၊
  17. နဝတတ်ရေလည်- ကြက် မိုးစွတ်ခါဟန်၊
  18. ရာဇမတ်-ရေရစ်လည်ဟန်၊
  19. ခိုနန်းပုံလိမ်- က ညောင်းတင်ဟန်၊
  20. ရွှေတံခွန်- ပင်လယ်တောင်ဝှေးစွဲဟန်။
  21. မြင်းမိုရ်ပုံလိပ်- လက်ဝဲက ဦးဟန်၊
  22. ကြာယပ်- လက်ဝဲရင်အုပ်ဟန်၊
  23. နတ်သားဗိမာန်-လက်ယာရင်အုပ်ဟန်၊
  24. ကျွဲတုံးတင်- ရေ>ပက် ဟန်လွှဲဟန်၊
  25. မင်တင်- ဝါကြိတ်လိမ်ဟန်၊
  26. ကွန်ရုံးတက်- ခြည်သွတ်ဟန်၊
  27. ခရုပတ်- ပုစ္ဆန်းတန်းဆွဲဟန်၊
  28. အောက်ချင်းပုံ တံဆိပ်-ရွှေလှံမောက်တိုရိပ် ကစားဟန်၊
  29. ပိုးခြည်လွှား- ဘယ်ညာ လှံရေးကစားဟန်၊
  30. ကြာသွတ်အိုး-ရွှေလှံဝဲရစ်ထောက် ကစားဟန်။
  31. ရွှေတံဆိပ်- ဆင်ကန်းတောတိုးဟန်၊
  32. ဝန်းကျင်ပတ်သန်း- သမက် စောင်ရန်းစီးဟန်၊
  33. ဘီလူးတိုင်ရေးလု- ရွှေလှံကျားမြီးဆွဲဟန်၊
  34. ဘီလူးပုခက်စီး- ကျွဲမြီးခတ်ဟန်၊
  35. ဘီလူးနားထွင်း-ရွှေလှံ ဆံထုံးရစ်ဟန်၊
  36. ဟန်ယဉ်- ရွှေလှံ လက်ဝဲကိုင်ဟန်၊
  37. ရေကန်သက်ဆင်း- ရွှေလှံ ဘယ်ညာလွှဲဟန်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သုတေသန သရုပ်ပြ အဘိဓာန်