အဲပပ်/ အဲပါဖစ် အားတာမ် နှင့် အဲပါဖစ်မြွေ
သင်္ကေတ မြွေ ကိုယ်ရေး အချက်အလက် မိဘများ Neith မွေးချင်း ရား
အဲပပ် (သို့) အားပပ် (အင်္ဂလိပ် : Apep ) [မှတ်စု ၁] သည်အီဂျစ်ဒဏ္ဍာရီ လာနတ်ဘုရားတစ်ဦးဖြစ်၍ လောကအစ မရှိခြင်းတရားနတ္ထိ၏ ပြယုတ်ဖြစ်သည်။ ထို့ကြောင့်ပင် အလင်း နှင့် 'မား'(အစီစဉ်ကျနခြင်း/သစ္စာတရား) ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ အနုပညာလက်ရာများ၌ ၎င်းကို ကြီးမားသောမြွေတစ်ကောင်အဖြစ်သရုပ်ဖော်ကြသည်။ ꜥꜣpp(y) အဖြစ်ရေးသားခဲ့ခြင်းနှင့် နောက်ပိုင်းတွင် ကော့ပ်တစ်ဘာသာစကားဖြင့် Ⲁⲫⲱⲫ (Aphōph ) ဟူ၍ ရှင်သန်တည်ရှိခဲ့သောကြောင့် အီဂျစ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ၎င်း၏အမည်ကို *ʻAʼpāp(ī) အဖြစ်ပြန်လည်တည်ဆောက်ခဲ့ကြသည်။[၁] အဲပပ်အမည်ကို အဌမမြောက်မင်းဆက်ခေတ်တွင် စတင်ဖော်ပြခဲ့ကြပြီး ၎င်း၏အမည်ကို ဂုဏ်ပြု အစွဲပြု၍ပေးထားဖူးသောအမည်များမှာ အီဂျစ်၏ ဆယ့်လေးဆက်မြောက်မင်းဆက်ဘုရင် Apepi နှင့် ကြီးကြယ်ခဲ့သော ဟစ်ခ်ဆော့စ်ဘုရင် (Greater Hyksos) Apophis တို့ဖြစ်ကြသည်။
↑ အခြားစာလုံးပေါင်းများမှာ Apepi သို့ Aapep သို့ Apophis ဖြစ်သည်။
↑ Erman, Adolf , and Hermann Grapow , eds. 1926–1953. Wörterbuch der aegyptischen Sprache im Auftrage der deutschen Akademien . 6 vols. Leipzig: J. C. Hinrichs'schen Buchhandlungen. (Reprinted Berlin: Akademie-Verlag GmbH, 1971).