အေးဝတ်ရည်သောင်း
| အေးဝတ်ရည်သောင်း | |
|---|---|
| မွေးဖွား | ၂၇ မေ၊ ၁၉၈၄ ရန်ကုန် |
| အခြား အမည်များ | အေးသောင်း |
| အလုပ်အကိုင် | သရုပ်ဆောင်၊ သရုပ်ပြမယ်၊ အဆိုတော် |
| တက်ကြွလှုပ်ရှားနှစ်များ | ၁၉၉၇–၂၀၁၁ ၂၀၁၆–လက်ရှိ |
| အရပ် | ၅ ft ၆ in (၁.၆၈ m) |
အေးဝတ်ရည်သောင်း (၁၉၈၄ ခု၊ မေလ ၂၇ ဖွား) သည် မြန်မာလူမျိုး သရုပ်ဆောင်၊ သရုပ်ပြမယ်နှင့် အဆိုတော် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်များတွင် လူသိများခဲ့သူ ဖြစ်သည်။[၁][၂][၃][၄]
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၈၄ ခု၊ မေလ ၂၇ ရက်တွင် ရန်ကုန်၌ မွေးသည်။ ညီအစ်မ ၃ ယောက်အနက် အလတ်ဖြစ်သည်။ အကြီးဖြစ်သော နှင်းဝတ်ရည်သောင်းနှင့် အငယ်ဆုံးဖြစ်သော ဆွိဝတ်ရည်သောင်း တို့သည်လည်း အနုပညာလှုပ်ရှားမှုများ ပြုဖူးသည်။[၅]
အထက(၂) ရန်ကင်း၌ အထက်တန်းအောင်ကာ ဒဂုံတက္ကသိုလ်မှ ဓာတုဗေဒနှင့် ဘွဲ့ရသည်။
အနုပညာ လှုပ်ရှားမှု့
[ပြင်ဆင်ရန်]အေးဝတ်ရည်သောင်းသည် ၁၉၉၇ ခုနှစ်တွင် မော်ဒယ်အဖြစ် စတင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ပြည်တွင်းအလှမယ် ခရစ္စမတ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ဆုရရှိခဲ့သည်။ စင်္ကာပူ Management Development Instituteတွင် ပညာသင်ကြားနေစဉ် သုံးနှစ်ခန့် သရုပ်ဆောင်အလုပ်ကိုရပ်နားခဲ့သည်။
အသက် ၁၅ နှစ်အရွယ်တွင်[၆] စတင်ဝင်ရောက်ခဲ့ပြီး ကြော်ငြာ ၄၀ ခန့်၊ ဗီဒီယို ၁၀၀ ကျော်နှင့် ရုပ်ရှင်ဇာတ်ကား ၃ ကားတွင် ပါဝင်ခဲ့သည်။[၇] မဂ္ဂဇင်းကာဗာဓာတ်ပုံများနှင့် နောက်ခံပုံများအတွက်လည်း သရုပ်ဆောင်ခဲ့ပြီး၊ တစ်ကိုယ်တော် တေးသီချင်းအယ်လ်ဘမ် "Lawe Lawe Lay" ကို ထွက်ရှိခဲ့သည်။[၈][၉]
၂၀၁၄ ခုနှစ်တွင် ပိုးထည်၊ ချည်ထည်နှင့် ရိုးရာထည်များ ရောင်းချသည့် ရွှေလွှင်သန်း ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာ တိုးချဲ့နိုင်ခဲ့သည်။[၁၀][၁၁] ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် ဘန်နီဖြိုး နှင့်အတူ ချာမ်း ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့ပြီး.[၁၂] ၂၀၁၇ ခုနှစ်တွင် ရတနာပုံ ဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၈ ခုနှစ်တွင် မြင့်မြတ် နှင့် Kelvin Kate တို့နှင့်အတူ မင်္ဂလာရှိတဲ့အရပ် ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည်။[၁၃][၁၂] သူမသည် ရုပ်ရှင်ဇာတ်ကားကြီး ၈ ကားနှင့် ရုပ်ရှင်ဗီဒီယိုအခွေ ၁၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး[၁၄][၁၅]
၂၀၁၈ ခုနှစ် မြန်မာ အကယ်ဒမီဆု အတွက် “အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု” ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။
ရိုက်ကူးထားသော ရုပ်ရှင်များ
[ပြင်ဆင်ရန်]ရုပ်ရှင်
[ပြင်ဆင်ရန်]- မုန်းစွဲ (၂၀၁၈)
ရုပ်သံဇာတ်လမ်းတွဲ
[ပြင်ဆင်ရန်]| ခုနှစ် | ရုပ်ရှင်ဇာတ်ကား | မှတ်ချက် |
|---|---|---|
| ၂၀၁၆ | ချာမ်း | ဘန်နီဖြိုး |
| ၂၀၁၇ | ရတနာပံု | – |
| ၂၀၁၉ | မဂ်လာရှိသောအရပ် | မြင့်မြတ်၊ Kelvin Kate |
| ၂၀၁၉ | ရင်ခွင်ရှင်းတမ်း | – |
အယ်လ်ဘမ်
[ပြင်ဆင်ရန်]- Lawe Lawe Lay (Easy) (၂၀၀၅)
ဆုများနှင့်ဆန်ကာတင်စာရင်း
[ပြင်ဆင်ရန်]| ခုနစ် | ဆု | အမျိုးအစား | ဆန်ကာတင်ဇာတ်ကား | ရလဒ် |
|---|---|---|---|---|
| ၂၀၁၈ | မြန်မာ အကယ်ဒမီထူးချွန်ဆု | အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု | မုန်းစွဲ | ဆန်ခါတင် |
| ၂၀၁၈ | Star Award | အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု | မုန်းစွဲ | ဆန်ခါတင် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ PaPawady Celebrity News Myanmar Model Aye Wut Yee Thaung
- ↑ The Nation Media Thailand Portal Wedding gowns are in bloom 24 July 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ Eleven Media MM Fashion advice interview with Aye Wutyi Thaung 4 August 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ Interviews Video 3 Myanmar Dailay Post Media Interview Videos[လင့်ခ်သေ]
- ↑ Myanmar Celebrity Channel အေးဝတ်ရည်သောင်း ရဲ့ မွေးနေ့ အလှူ - Aye Wutt Yi Thaung Birthday
- ↑ Myo Satt (20 July 2017)။ Winning hearts and likes။ The Myanmar Times။ 18 January 2018 တွင် ပြန်စစ်ပြီး။
- ↑ Aye Wutyi Thaung speaks and Interview – Shwedarling။
- ↑ Myanmar Model and actress, Aye Wut Yee Thaung's Casual Fashion and about – Myanmar Celebrity။
- ↑ Aye Thaung interview for her birthday plan။ 31 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Popular Journal Burma ဇာတ်ကား ရိုက်ကူးမှုတွေနဲ့ ခြောက်နှစ်တာ ဝေးကွာခဲ့ တဲ့ အေးဝတ်ရည်သောင်း
- ↑ Myanmar Celebrities Entertainment Actress Aye Wut Yee Thaung Is Doing Her Own Business For Her Future 1 December 2024 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- 1 2 Return Aye Wutyi Thaung-7day Daily News။ 31 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Media 7နဲ့ လက်တွဲလျှောက်ကြမယ့် အစီအစဉ်များ။ 31 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Popular Journal Myanmar meet with Aye Thaung။
- ↑ MoMoLay Media Interview Season 10 September 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ အေးဝတ်ရည်သောင်း
အိုင်အမ်ဒီဘီပေါ်ရှိ အေးဝတ်ရည်သောင်း
| ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |