အေးမြင့် (ရှေ့နေ)

ဝီကီပီးဒီးယား မှ
ဦးအေးမြင့်
မွေးဖွား၁၉၅၁ (အသက် ၇၂–၇၃)
ပဲခူးတိုင်း
အလုပ်အကိုင်ရှေ့နေ၊ လူမှုလုပ်ငန်း၊ လမ်းပြကြယ် အဖွဲ့
ကျော်ကြားမှုအရင်းခံလယ်သမားများ မတရား လယ်မြေသိမ်းခံရခြင်း၊ ကလေးစစ်သားများ ကိစ္စတွင် အခမဲ့ ကူညီခြင်း

ဦးအေးမြင့်ကို ၁၉၅၁ ခုနှစ်မှာ ပဲခူးတိုင်း ကျောက်ဖူးကုန်း (က) ရပ်ကွက်နေ တောင်သူလယ်သမား မိဘများက မွေးဖွားခဲ့သည်။

ပညာရေး[ပြင်ဆင်ရန်]

၁၉၈၀ပြည့်နှစ်တွင် ဥပဒေဘွဲ့ကိုရရှိခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ရှေ့နေဖြစ်လာသည်။

စေတနာ ရှေ့နေ[ပြင်ဆင်ရန်]

ဦးအေးမြင့်သည် လယ်သမားများ မြေယာအသိမ်းခံရမှု၊ အဓမ္မလုပ်အားပေး စေခိုင်းခံရမှု၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်တပ်အတွင်း ဆွဲသွင်းမှု စသည့် မတရားသည့် ကိစ္စများအတွက် အခကြေးငွေမယူဘဲ ဥပဒေအရ ကူညီဆောင်ရွက်ပေးခဲ့သည်။

သေဒဏ် ချမှတ်ခံရခြင်း[ပြင်ဆင်ရန်]

၂၀ဝ၁ ခုနှစ်တွင် ပဲခူးတိုင်းမှ တောင်သူလယ်သမားများကို အစည်းအဝေးပွဲဟု လိမ်လည် ခေါ်ဆောင်ကာ တိုက်ပွွဲဖြစ်နေသည့် ရှေ့တန်းစစ်မျက်နှာသို့ ပေါ်တာ အထမ်းသမားများအဖြစ် ပို့ခဲ့သည့်ကိစ္စကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ တိုင်ကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတော် ပုန်ကန်မှု စွဲချက်နှင့် ၂၀ဝ၃ ခုနှစ်တွင် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ၏ ဖိအားပေး တောင်းဆိုမှုများကြောင့် ၂၀ဝ၅ ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ သို့သော် ဦးအေးမြင့်၏ ရှေ့နေလိုက်ခွင့်လိုင်စင်ကိုမူ ပိတ်သိမ်းခဲ့သည်။

ထောင်ဒဏ် ထပ်မံ ချမှတ် ခံရခြင်း[ပြင်ဆင်ရန်]

နောက် ၈ လအကြာတွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာမှ မြေယာများ အဓ္ဓမ အသိမ်းခံခဲ့ရသည့် တောင်သူလယ်သမားများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရုံးသို့ ခေါ်ဆောင ်တိုင်တန်းခဲ့မှုကြောင့် ထောင်ဒဏ် ၇ နှစ် ထပ်မံ ချမှတ်ခြင်း ခံခဲ့ရပြန်သည်။ ILO ၏ ကူညီဆောင်ရွက်ပေးမှုကြောင့် တနှစ်နီးပါး အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

လမ်းပြကြယ် အဖွဲ့ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

ဦးအေးမြင့်သည် ၂၀ဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လမ်းပြကြယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ လမ်းပြကြယ်အဖွဲ့ကြီးသည် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အဖွဲ့ဝင်အင်အား ငါးသောင်းကျော်အထိ တိုးပွား လာခဲ့သည်။ ရှေ့နေ၊ ဆရာဝန်၊ အင်ဂျင်နီယာများပါ ပါဝင်သည့် လမ်းပြကြယ်အဖွဲ့ကြီးတွင် ဦးအေးမြင့်သည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်။

ရှေ့နေလိုက်ခွင့်လိုင်စင် ရုပ်သိမ်း ခံထားရသော ဦးအေးမြင့်သည် ကုန်စိမ်းရောင်းသော ဇနီးသည်၏ ဝင်ငွေနှင့် နေထိုင်စားသောက်ရသည်။

ကိုးကား[ပြင်ဆင်ရန်]