မာတိကာသို့ ခုန်သွားရန်

အေးကျော် (ဝန်ကြီး)

ဝီကီပီးဒီးယား မှ
အေးကျော်
ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁၇ ဇွန် ၁၉၉၅  ၁၅ နိုဝင်ဘာ ၁၉၉၇
ယခင်လူဗိုလ်မှူးချုပ် မျိုးသန့်
ဆက်ခံသူဗိုလ်ချုပ် ကြည်အောင်
စစ်မှုထမ်းခြင်း
ရာထူးဗိုလ်ချုပ်

ဗိုလ်ချုပ် အေးကျော် သည် မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၁၉၉၅ ဇွန်လမှ ၁၉၉၇ နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၁၉၉၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးအဖြစ် ဗိုလ်မှူးချုပ် မျိုးသန့် နေရာတွင် ဗိုလ်ချုပ်အေးကျော်ကို အစားထိုး ခန့်အပ်ခဲ့သည်။[] စာရေးဆရာ၊ ကဗျာဆရာ ဦးစိုးညွန့် (ထီလာစစ်သူ) သည် ဗိုလ်ချုပ်အေးကျော် လက်အောက်တွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[]

၁၉၉၅ ခုနှစ် ဇူလိုင်လတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုနှင့် တွေ့ဆုံခွင့်ပြုခဲ့ရာ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ ဓာတ်ပုံဆရာများနှင့် ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်တွင် တွေ့ဆုံခဲ့သည်။ သို့သော်လည်း တစ်ဒါဇင်ကျော်ခန့်သော ပြည်ပသတင်းထောက်များမှာ ဗိုလ်ချုပ်အေးကျော်၏ ပြန်ကြားရေး ဝန်ကြီးဌာနမှ အမည်မည်းစာရင်း ထည့်သွင်းထားခြင်းကြောင့် ပြည်ဝင်ခွင့်ဗီဇာ မရရှိခဲ့ကြပေ။[]

၁၉၉၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများကို ထုတ်ပြန်ကြေညာခဲ့ရာ ဗိုလ်ချုပ်ကြည်အောင်သည် ပြန်ကြားရေးဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. SLORC CABINET RESHUFFLES SOUTH CHINA MORNING POST (17Jun95)။ 2012-02-25 တွင် ပြန်စစ်ပြီး။
  2. Thī lā Cacʻ sū (2006)။ Sounds and echoes: U Soe Nyunt (Htilar Sitthu)
  3. Burmese TV shows Suu Kyi for first time Reuters (July 19, 1995)။ 2012-02-25 တွင် ပြန်စစ်ပြီး။
  4. The State Peace and Development Council Proclamation (Proclamation No. 2/97) (15 November 1997)။ 5 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-24 တွင် ပြန်စစ်ပြီး။