အောလဂါ အလက်ဆန်ဒရော့နာ လေဒီဇန်ဇကာ

ဝီကီပီးဒီးယား မှ
အော်လဂါ လေဒီဇန်ဇကာ
မွေးဖွားအောလဂါ အလက်ဆန်ဒရော့နာ လေဒီဇန်ဇကာ
(1922-03-07)၇ မတ်၊ ၁၉၂၂
ကိုလိုဂရစ်, ဆိုဗီယက် ပြည်ထောင်စု
ဆုံးပါး၁၂ ဇန်နဝါရီ၊ ၂၀၀၄(2004-01-12) (အသက် ၈၁)
စိန့်ပီတာစဘတ်၊ ရုရှား
နိုင်ငံလူမျိုးရုရှား
နယ်ပယ်Partial differential equations
အဖွဲ့အစည်းဌာနစိန့်ပီတာစဘတ် တက္ကသိုလ်
မိခင်ကျောင်းမော်စကို တက္ကသိုလ်
ကျော်ကြားမှုအရင်းခံFluid dynamics of the Navier–Stokes equations, Hilbert's nineteenth problem, partial differential equations
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များလိုမိုနိုဆော့ ရွှေတံဆိပ် (၂၀၀၂)

အောလဂါ အလက်ဆန်ဒရော့နာ လေဒီဇန်ဇကာ (ရုရှား: Óльга Алекса́ндровна Лады́женская) (၁၉၂၂-၂၀၀၄) သည် ရုရှားလူမျိုး သင်္ချာပညာရှင် ဖြစ်သည်။ ၂၀၀၂ ခုတွင် လိုမွန်နိုဆော့ (Lomonosov) ရွှေတံဆိပ် ရခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၂၂ ခု၊ မတ်လ ၇ ရက်တွင် ကိုလိုဂရစ် (Kologriv) ၌ မွေးသည်။ ဖခင်မှာ သင်္ချာဆရာပင် ဖြစ်သည်။

၁၉၃၇ ခုရောက်သော် ဖခင် အလက်ဆန်ဒါ အိုင်ဗန်နိုဗစ် လေဒီဇန်စကီ (Aleksandr Ivanovich Ladyzhenski) ရုရှားရဲများက ဖမ်းကာ ပြည့်ရန်သူအဖြစ် အဆုံးစီရင်သည်။ ၁၉၃၉ တွင် အထက်တန်းအောင်ကာ လီနင်ဂရက်တက္ကသိုလ်သို့ တက်ရောက်နိုင်သောလည်း ဖခင်၏ပြစ်ချက်ကြောင့် တက်ခွင့်မရခဲ့။

၁၉၄၃ တွင် မော်စကိုတက္ကသိုလ်၌ တက်ကာ ၁၉၄၇ တွင် ဘွဲ့ရသည်။ ပါရဂူစာတမ်းကို ၁၉၅၃ ၌ တင်နိုင်ခဲ့သည်။ လီနင်ဂရက်နှင့် စတက်လော့ တက္ကသိုလ် (Steklov Institute) များ၌ စာသင်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၀၄ ခု၊ ဇန်နဝါရီလ ၁၂ ရက်တွင် ကွယ်လွန်သည်။

ဂူးဂဲ၏ ဂုဏ်ပြုချက်[ပြင်ဆင်ရန်]

၂၀၁၉ ခု၊ မတ်လ ၇ ရက်၊ လေဒီဇန်ဇကာ၏ ၉၇ နှစ်ပြည့် မွေးနေ့တွင် ဂူးဂဲက လက်ခြစ်ရုပ် (doodle) တင်ကာ ဂုဏ်ပြုခဲ့သည်။ "ယနေ့ လက်ခြစ်ရုပ်မှာ ပုဂ္ဂိုလ်ရေးရာအဖြစ်ဆိုးများကို ကျော်လွှားကာ မိမိမျိုးဆက်တွင် အလွှမ်းမိုးဆုံးသော တွေးခေါ်သူအဖြစ် သရဖူဆောင်းခဲ့သည့် ရုရှား သင်္ချာပညာရှင် အော်လဂါ လေဒီဇန်ဇကာအတွက် ဤလက်ခြစ်ရုပ်နှင့် ဂုဏ်ပြုပါသည်" ဟု ညွှန်းဆိုထားသည်။