အောင်သော်၊ ဦး

ဝီကီပီးဒီးယား မှ

အောင်သော်၊ ဦး (ခရစ် ၁၉၂၂ - ၁၉၉၅)[ပြင်ဆင်ရန်]

ဦးအောင်သော်ကို ၁ဝ-၁၂-၁၉၂၂ခု နေ့တွင်ကျိုက်ထိုမြို့ ၌ မွေးဖွားသည်။ မိဘများမှာ ဦးကျော်ဇော၊ ဒေါ်တင်မြတို့ဖြစ်ကြ သည်။ ၁၉၃၉ ခုနှစ်တွင် ပြင်ဦးလွင်မြို့ အစိုးရအင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းမှ ဒသမတန်းအောင်မြင်ခဲ့သည်။ ၁၉၄ဝ-၄၁ ခုနှစ်အတွင်း မန္တလေးမြို့ကျောက်စာဌာနပြ တိုက်တွင် ယာယီပြတိုက်မှူးအဖြစ် တစ်နှစ်ခန့်ဆောင်ရွက်ခဲ့သည်။ စစ်ကြီးအတွင်း၌ ကျောက်စာဝန်နှင့်အတူ ပုဂံမြို့တွင် သုံးနှစ်မျှနေ ထိုင်၍ ရှေးဟောင်း အဆောက်အအုံနှင့် ကျောက်စာများကိုလက် တွေ့လေ့လာသည်။ ၁၉၄၅ မှ ၁၉၄၆ ခုနှစ်အထိအထက် မြန်မာ နိုင်ငံပြန်ကြားရေးဌာနခွဲတွင် လက်ထောက် ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၅၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှဝိဇ္ဇာဘွဲ့ရရှိသည်။ ၁၉၅၃ ခုနှစ်တွင် လက်ထောက်အရာရှိ အဖြစ်အမှုထမ်းပြီး၁၉၅၄ ခုနှစ်မှစ၍ ရှေးဟောင်းသုတေသနဌာနကို ပြန်လည်ဖွဲ့စည်းသည့် အခါ ရှေးဟောင်းသုတေသန ဝန်ထောက်အဖြစ် ထမ်းဆောင်ခဲ့ သည်။ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ စီမံကိန်းအရ မြန်မာပြည် အတွင်းရှိ ရှေးဟောင်းပေပုရပိုက်များ ရှာဖွေစုဆောင်းရန်ယူနက် စကိုအကူအညီဖြင့် စီစဉ်သည့်အလျောက် ယူနက်စကိုကျွမ်းကျင်မှု အရာရှိအဖြစ် ၁၉၅၇ ခု၊ မေလမှစ၍ ၆ လတာမျှ ဆောင်ရွက်ခဲ့ သည်။ ပေပုရပိုက်များ ရှာဖွေမှတ်တမ်းတင်သည့် လုပ်ငန်းကို ဦးမင်းနိုင်နှင့် တွဲဖက်ဆောင်ရွက်၍ အစီရင်ခံစာ တစ်စောင်ပြုစုခဲ့ သည်။ ၁၉၅၇ ခု၊ နိုဝင်ဘာလတွင် ကိုလံဘိုစီမံကိန်းပညာသင် အဖြစ် အိန္ဒိယပြည်ရှေးဟောင်းသုတေသနဌာ နတွင်တစ်နှစ်တာမျှ လက်တွေ့ဆည်းပူးခဲ့သည်။ ၁၉၅၉ ခု၊ ဇွန်လမှစ၍ သိပ္ပံနည်းဖြင့် တူးဖော်စူးစမ်းမှုလုပ်ငန်းကို ဗိဿနိုးတွင်စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် သိပ္ပံနည်းကျတူးဖော်စူးစမ်းမှု လုပ်ငန်းဖြစ်ပြီး ပျူခေတ်ယဉ်ကျေးမှု ကွင်းဆက်များကို ထုတ်ဖော် တင်ပြနိုင်ခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်းတွင် အမှုဆောင်အဖြစ် ပါဝင်ပြီး ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလရွှေရတုသဘင်အစည်းအဝေး တွင် ပါဝင်ဟောပြောခဲ့သည်။ ၁၉၆ဝ ခုနှစ်မှစ၍ ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန်အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၆၁ခုနှစ် ၊ ဒီဇင်ဘာလတွင် အိန္ဒိယပြည်၊ ရှေးဟောင်းသုတေသန ဌာန၏ နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်ပွဲသို့ တက်ရောက်ခဲ့သည်။ အိန္ဒိယ မြန်မာယဉ်ကျေးမှု ဆက်သွယ်ရေးစာတမ်းကို ဖတ်ကြားခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့်ယဉ်ကျေးမှုဆွေးနွေးပွဲ သို့ တက်ရောက်၍ ကြေးခေတ် သုတေသနစာတမ်းကို ဖတ်ကြားခဲ့ သည်။

၁၉၅၇ ခုနှစ်မှ ၁၉၇၈ ခုနှစ်များအတွင်း အိန္ဒိယ၊ ဆိုဗီ ယက်၊ အနောက်ဂျာမနီ၊ သီရိလက‡ာ၊ ထိုင်း၊ တရုတ်၊အမေရိကန် နှင့် ဂျပန်နိုင်ငံများသို့ သွားရောက်ပြီး ရှေးဟောင်းယဉ်ကျေးမှုကိစ္စ ရပ်များကိုလေ့လာခဲ့သည်။ ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလတွင်အငြိမ်း စားယူပြီးနောက် ၁၉၈၅ ခု၊ ဇွန်လမှစ၍ နိုင်ငံသမိုင်း အဖွဲ့တွင် အချိန်ပြည့် အဖွဲ့ဝင်အဖြစ် ထမ်းဆောင်ခဲ့သည်။ ထိုနှစ်အောက်တို ဘာလမှစ၍ မြန်မာစာအဖွဲ့အချိန်ပြည့် အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ ထမ်းဆောင်ခဲ့ရာ ကွယ်လွန်ချိန်အထိဖြစ်သည်။ ယဉ်ကျေးမှုစာစောင်တွင် ဘီလူးပန်းဆွဲ၊ ပျူဒင်္ဂါး၊သီရိဝစ္ဆ ၊ ဥဇ္ဇေနီ၊ ကလသာအိုး၊ ပုဂံခေတ်ဗိသုကာနှင့်အနုပညာ၊ ကျောက် ခေတ်၊ အညာသားယဉ်ကျေးမှု၊ ရှေးဟောင်းပစ္စည်းခေတ်ပိုင်းနည်း၊ ဗိဿနိုးမြို့ဟောင်း ပြဿနာများအကြောင်း ရေးသားခဲ့ပြီးလုံးချင်း အနေဖြင့် fhfh1. Historical Sites of Burma.

2. Excavation at Beikthano တို့ကိုရေးသားခဲ့သည်။ ဗိဿနိုး မြို့ဟောင်းနှင့် Archaeology in Burma တို့ကို ပြုစုဆဲ ၉-၉-၉၅ နေ့တွင် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၆)