မာတိကာသို့ ခုန်သွားရန်

အောင်စိုး၊ ဗဂျီ

ဝီကီပီးဒီးယား မှ
ဗဂျီ အောင်စိုး
ဗဂျီအောင်စိုး နှင့် ခင်မောင်ရင် တို့ကို တွေ့ရစဉ် ca.1970


ဗဂျီအောင်စိုးကို ၁၉၂၄ ခုနှစ်တွင် မွေးဖွားသည်။ ၁၉၄၇ ခုနှစ်တွင် တာရာမဂ္ဂဇင်း၌ စတင်ပန်းချီ ရေးဆွဲခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပညာရေး မဟာဌာန တွင် ပန်းချီကထိကအဖြစ် ခေတ္တတာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာ မဟာဌာနနှင့် စက်မှုတက္ကသိုလ်တွင် ၁၉၇၈-ခုနှစ်အထိ ကထိကအဖြစ် Graphic Art နှင့် History of Art ဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။

၁၉၅၁-ခုနှစ်မှာ အိန္ဒိယအစိုးရ အကူအညီဖြင့် အိန္ဒိယပြည် ဝိသာရဘာရတီ တက္ကသိုလ် တဂိုး ထူထောင်သော စန္တိနိကေတံ တွင် အိန္ဒိယပန်းချီနှင့် အရှေ့တိုင်းပန်းချီ ပညာ ကို တနှစ်ကြာ သွားရောက်သင်ကြားခဲ့သည်။ ၁၉၅၃-ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ခဲ့သော ဆေးဆိုးပန်းရိုက်သင်တန်း ကျောင်းတွင် ဒီဇိုင်းနည်းပြဆရာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းနှစ်အစောပိုင်းတွင် ရှုမဝမဂ္ဂဇင်းက သူ့ပုံတပုံ ဖော်ပြခဲ့ရာ အများစုကြား ပွက်လောရိုက်သွားပြီး တချို့က သူ့ကို ရူးနေသည်ဟုပင် ပြောခဲ့ကြသည်။ စာမဲ့ကဗျာ စာအုပ်နှင့် ရိုးရာမှသည် ခေတ်သစ်သို့ စာအုပ်နှစ်အုပ်ရေးသား ပြုစုခဲ့သည်။ ရှုမဝမဂ္ဂဇင်း နှင့် မဂ္ဂဇင်းပေါင်း များစွာတွင် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။

၁၉၉၀-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အမာ(ခေါ်) ဒေါ်သန်းကြည်နှင့် သားသမီးရှစ်ယောက် ကျန်ရစ်သည်။[]

သူ၏ လက်မှတ်

[ပြင်ဆင်ရန်]

ဝလုံးလေး ၈ လုံး ရန်ထားသည့် ဝလုံးကြီး တလုံးကို သူ့လက်မှတ်တိုင်းမှာ မြင်ရပြီး ပန်းချီကို အသံထွက် အတိုင်း ဗဂျီလို့ ရေးတဲ့သူ တယောက် ဆိုတာ ပန်းချီကို မရင်းနှီးသော စာဖတ် သူတွေပါ သိပါသည်။ သူ့ သရုပ်ဖော်ပုံတွေ၊ ပန်းချီကားတွေမှာ လက်မှတ်ကို အမျိုးမျိုး ထိုးထားတာ တွေ့နိုင်သည်။ အောင်စိုး၊ ဗဂျီအောင်စိုး၊ အောင်ဗဂျီကိုး၊ ဦးအောင်စိုး … အစရှိသဖြင့်...။ ဗဂျီအောင်စိုးသည် ကာတွန်းများလည်း ရေးခဲ့ပြီး ထိုးသောလက်မှတ်မှာ ဂြိုဟ် ဟု ထိုးလေ့ရှိသည်။

သူ၏ စကားသုံးခွန်း

[ပြင်ဆင်ရန်]
  • ပန်းချီ၏ အသက်သည် “ပုံဆွဲ”
  • ပန်းချီ၏ ရသသည် “ဒီဇိုင်း”
  • ပန်းချီ၏ အနှစ် သာရသည် “အရောင်” []

ကိုးကား

[ပြင်ဆင်ရန်]
  1. ဗချီအောင်စိုးအမှတ်တရ စာစုမှ
  2. ဗဂျီအောင်စိုး ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ထုတ်သည့် စာအုပ် နောက်ကျောဖုံးမှ

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]