အောင်စိုးသာ

ဝီကီပီးဒီးယား မှ
အောင်စိုးသာ
မွေးဖွားအောင်စိုးသာ
အိမ်ထောင်ဖက်(များ)ခိုင်ပြည့်စုံကြိုင်
မိဘ(များ)
  • စိုးသာ (ဖခင်)
  • ကြူကြူဝင်း (မိခင်)


အောင်စိုးသာ (၁၉၈၀ အောက်တိုဘာ ၅ ဖွား) သည် မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၈၀ ခု၊ အောက်တိုဘာလ ၅ ရက်တွင် ဝန်ကြီး(အငြိမ်းစား) ဦးစိုးသာနှင့် ဒေါ်ကြူကြူဝင်းတို့မှ မွေးသည်။

ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှ အထက်တန်းအောင်ကာ ၂၀၁၇ ခုနှစ်မှစတင်ကာ ထိုင်းနိုင်ငံရှိ အဆမ်းပရှင်းတက္ကသိုလ် တွင် Ph.D အဆင့် အဖွဲ့အစည်းဖွံ့ဖြိုးရေးဘာသာ လေ့လာသင်ယူလျက်ရှိသည် ။ ၂၀၀၇-၉ ခုများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စီးပွားစီမံမဟာဘွဲ့ကို သင်ယူခဲ့သည်။

စီးပွားရေး လှုပ်ရှားမှု[ပြင်ဆင်ရန်]

မြန်မာသတင်းအချက်အလက်နည်းပညာကုမ္ပဏီတွင် (Myanmar Information Technology Pte. Ltd.) တွင် ၂၀၀၄ ခု၊ ဇန်နဝါရီတွင် Director အဖြစ်လုပ်ကိုင်သည်။

၂၀၀၅ ခုတွင် မြန်မာ စီးပွားဆက် လုပ်ငန်းစု (Myanmar ComBiz Group) ကို စတင်သည်။ အဆိုပါလုပ်ငန်းစုတွင် မြန်မာစီးပွားဆက် ကုမ္ပဏီ (Myanmar ComBiz Company)၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း (Trading)နှင့် ဆောက်လုပ်ရေး (Construction တို့ ပါဝင်သည်။

မြန်မာစီးပွားဆက် ကုမ္ပဏီမှ ပရီးရှပ် (Precious) အဆင့်မြင့်ဆန်၊ စားတော်ကဲကြီး ဆီနှင့် မစ်လကီ (Milky) နို့ဆီ အစရှိသည့် စားသောက်ကုန်များ ထုတ်သည်။

၂၀၁၄ ခုတွင် သီလဝါ အထူးစီးပွားရေးဇုန် ကုမ္ပဏီတွင် ဘုတ်အဖွဲ့ဝင် ဖြစ်လာသည်။ ၂၀၁၇ ခု၊ နိုဝင်ဘာမှ ၂၀၁၈ ခု၊ ဒီဇင်ဘာအထိ မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်မှုလီမီတက် တွင် ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သည်။ [၁]

၂၀၁၂ ခုတွင် မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်သည့်အခါ ပထမဆုံး အော်ပရေတာ ရွေးချယ်ရာ၌ မြန်မာ နည်းပညာနှင့် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (Myanmar Technology and Investment Corporation) ထောင်ကာ ဝင်ပြိုင်သည်။ သို့သော်လည်း မြန်မာ့ဆက်သွယ်ရေးနှင့် ပြည်ပ အော်ပရေတာနှစ်ခုသာ ရသွားသည်။ ထိုလုပ်ငန်း၌ ၂၀၁၂ ခု၊ ဒီဇင်ဘာမှ ယနေ့အချိန်အထိ ဘုတ်အဖွဲ့ဝင်အဖြစ် ရှိနေသည်။

စက်သုံးဆီနယ်ပယ်၌ ဒန်ကို သွင်းကုန်ထုတ်ကုန် (Denko Trading) တွင် ဘုတ်အဖွဲ့ဝင်အဖြစ် ၂၀၀၉ ခု၊ ဇူလိုင်မှ ယနေ့အချိန်အထိ လုပ်နေသည်။

၂၀၁၁-၁၂ ကာလ မှ ၂၀၁၈-၁၉ ကာလအထိ ရန်ကုန်မြို့ မြန်မာ ကွန်ပျူတာလုပ်ငန်းရှင်များ အသင်း (Myanmar Computer Industry Association) တွင် ဒုဥက္ကဋ္ဌ (၂) အဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၁၉-၂၀ ကာလတွင် မြန်မာကွန်ပျူတာအသင်းချုပ် (Myanmar Computer Federation) ၏ တွဖက်အတွင်းရေးမှူး (၃) အဖြစ် ၂၀၁၉ ခု၌ အဖြစ်ဆောင်ရွက်သည်။

၂၀၁၆-၁၇ ကာလ မှ ၂၀၁၈-၁၉ ကာလအထိ ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် တွဲဖက်ဘဏ္ဍာရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။

၂၀၁၉-၂၀ ကာလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး အဖြစ်ဆောင်ရွက်သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

သီဟသုဓမ္မသိင်္ဂီဘွဲ့ရ ခိုင်ပြည့်စုံကြိုင်နှင့် လက်ထပ်ထားသည်။ ဇနီးမှာ မြန်မာ စီးပွားဆက်လုပ်ငန်းစု၏ ဒုဥက္ကဋ္ဌ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Board of Directors - MTSH Myanmar။ 24 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2019 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]